"Baekhyun အဆင်ပြေရဲ့လား?"
မန်နေဂျာကင်၏ အမေးကိုပြန်မဖြေဘဲ Baekhyun က မှန်ကိုထောင်ကြည့်ကာ စူပုတ်နေသည်။ ပြီးတာနဲ့ ဘတ်ခနဲဆို မှန်ကိုမှောက်ချပစ်လိုက်ကာ ဖုန်းကင်မရာကို ထောင်ကြည့်ပြန်သည်။
"အား !"
စိတ်တိုင်းမကျလှစွာ အော်ပြီး ခြေကိုဆောင့်သည်။ နှုတ်ခမ်းနီတောင့်ကို ကိုင်ပြီး ဆိုးဖို့ မဝံ့မရဲဖြစ်နေသည့် အစ်မကလဲ အရိပ်အခြေအနေကြည့်နေရသည်။
"မနက်က အမူးပြေဟင်းရည်လဲ တိုက်ထားပါရဲ့နဲ့ မျက်နှာက ဘာလို့ ဖောသွတ်နေရတာပါလိမ့် ?"
အလိုက်မသိသော မန်နေဂျာကင်၏ စကားကြောင့် ငိုချတော့ မလို ဖြစ်သွားတဲ့ Baekhyun က မှန်တွေရော အလှပြင် ပစ္စည်းတွေကိုပါ ရောက်တတ်ရာရာကို ပစ်ပေါက်သည်။
မျက်နှာကြီး ဖောင်းနေလို့ စိတ်ညစ်နေရတဲ့အထဲ ဘာလို့ဒီလိုစကားမျိုး လာပြောရတာလဲ ?
"Baekhyun ရေ ! အဲ့လို မလုပ်ရဘူးလေ "
"ဒီမျက်နှာနဲ့ ဘယ်လို ရိုက်ကူးရေးလုပ်ရမှာလဲလို့ "
"ဒါရိုက်တာကတောင် အဆင်ပြေတယ် ပြောနေတာကိုပြင်စရာ ရှိတာ ပြင်လိုက်ပါ !နောက်ဆို ဆိုဂျူတွေ လျှော့သောက် !"
"ခင်ဗျား မရှည်ပါနဲ့ !!"
မန်နေဂျာကင် ပါးစပ်ပိတ်သွားရသည်။ မိတ်ကပ်ပြင်ရတဲ့အစ်မလဲ ခေါင်းကုတ်နေရပြီ...ကိုယ့်ဟာနဲ့ကို Baekhyunကိုချော့ပြောပြီး ပြင်ပေးနေတာ နှူတ်ခမ်းနီဆိုးဖို့ပဲကျန်တာကို မန်နေဂျာကင်ရောက်လာမှ ပိုဆိုးရသည်။
"Baekhyun ရေ မပြီးသေးဘူလား ?"
ဒါရိုက်တာရဲ့ စပီကာလှော် သံကြားတော့ Baekhyunနှာခေါင်းရှုံ့သွားရသည်။ မန်နေဂျာကင်ကတော့ ပြီးပြီဟုအသံပြူပြီး Baekhyun ကို ဒရွတ်တိုက်မတတ် ဆွဲခေါ်သည်။
"ဟို !နှုတ်ခမ်း နီ နီလေး.."
"ဆိုး ဆိုး မြန်မြန်ဆိုး !!"
"ဘယ်လို ဖြစ်နေတာလဲ ?သူတို့လောတာနဲ့ ကိုယ်ကလောစရာလား !!မန်နေဂျာကင် Byun Baekhyun က ဒီလို စရိုက်ရှိတယ် ဆိုတာ သူတို့သိပြီးသား !! မကျေနပ်ရင် ခေါ် မရိုက်နဲ့ !!!"

KAMU SEDANG MEMBACA
Byun Bird (Complete)
Fiksi PenggemarByun မည်သောငှက်ကလေးတစ်ကောင်၏လွပ်လပ်ခွင့်ကိုဖန်တီးပေး သောသူက ဘာများဖြစ်မလဲ ? Byun မည်သောငှက်ကလေးတစ်ကောင်၏လွပ်လပ်ခွင့်ကိုဖန်တီးပေး သောသူက ဘာများဖြစ်မလဲ ? Coverby@byunasunaparkBy00