17

1.3K 125 2
                                    

စာမေးပွဲ ကာလမှာ နှစ်ယောက်သားက ပလူးပလဲ
ရှလူးရှလဲ မလုပ်နိူင်ကြပဲ..  စာမှ စာပဲ ဖြစ်နေကြ
သည်။

စာမေးပွဲပြီးတဲ့ ရက်မှာပဲ Chanyeol ကနှစ်ယောက်ထဲ ခရီးတိုလေး ထွက်ရန်ပြင်ဆင်ထား
သည်။ မိဘတွေကိုတော့ သူငယ်ချင်းတွေ နဲ့သွား
မှာလို့ အကြောင်းပြထား သည်။

စာမေးပွဲတာနဲ့ Baekhyun က Training ဆင်းရ
မှာမို့ Chanyeolကမျက်နှာမကောင်း...ထို့ကြောင့်
နှစ်ညအိပ် ခရီးလောက်တော့ ထွက်မည်ဟု
Baekhyun ကိုနားချထားရသည်။

ဒီနေ့က နောက်ဆုံးဘာသာ ဖြစ်သည်။ Chanyeolက ဖြေပြီးပြီမို့ အခန်းအပြင်ကနေပဲ
ထွက်ပြီး Baekhyun ကိုစောင့်နေလိုက်သည်။

ညနေ ဂျယ်ဂျူကို သွားမည်။

သိပ်မကြာခင် Baekhyun ထွက်လာကာ ၀မ်းသာအားရ ပြေးလာသည်။

"Chanyeol ! Chanyeol ဖြေနိူင်လား ?ဒီ အဖြေ
က Chanyeol ဘာဖြေလိုက်လဲ !ငါတို့ကျက်ထား
တာပါတယ် ‌တွေ့လား? ဖြေလိုက်လား အဲ့ဒါ !"

လက်ညိုးသွယ်သွယ်လေးက မေးခွန်းစာရွက်ပေါ်
မှာ ဟိုဟိုဒီဒီပြေးလွှားနေတာမို့ မေးခွန်းစာရွက်ကို
ဆွဲယူကာ လုံးချေပစ်လိုက်သည်။

"ဟင် !အဖြေတောင်မတိုက်ရသေးဘူး "

"အဖြေတိုက်နေလဲ ဖြေပြီးမှတော့ ဘာလုပ်မှာလဲ
မင်းအောင်မှာ ငါသိတယ် ! "

"မင်းကလဲ?အမှတ်ဘယ်လောက်ရနိူင်လဲ တွက်
ကြည့်မှာပေါ့ !"

"တွက်မနေနဲ့ !ဗိုက်ဆာနေပြီမလား ဘာစားချင်လဲ"

လက်ချင်းတွဲပြီး Baekhyun လွယ်အိတ်ကိုပါ
လွယ်ကာ နှစ်ယောက်အတူတူ ထွက်လာလိုက်
သည်။

"ဘာစားချင်လဲ မေးပြီး ကန်တင်းလဲမသွားဘူး"

"အပြင်ဆိုင်မှာ သွားစားရအောင်ပါ !ကန်တင်းကို
မေ့လိုက် !!အိုကေ "

"အိုကေ "

Baekhyun ကလဲ မျက်လုံးတွေကွေးပြီး ရယ်
ကာ အိုကေဆိုပြီး လက်ညိုးနဲ့ လက်မကိုကွေးပြီး
လုပ်ပြသည်။

အသဲယားသွားတာမို့ Baekhyun ဆံပင်တွေကို
ဆွဲဖွ မိလိုက်သေးသည်။

"ဘေးမှာ လာထိုင် !!"

မျက်နှာချင်းဆိုင်မှာ ထိုင်ဖို့နေရာယူနေတဲ့ Baekhyun က Chanyeol ဘေးကို ရောက်သွား
သည်။ ဝိတ်တာလေးကိုလဲ Baekhyun ကြိုက်တာတွေ ချည်းရွေးမှာပေးသည်။

Byun Bird (Complete) حيث تعيش القصص. اكتشف الآن