23

1K 116 2
                                        

ကားထဲ၀င်ရောက်လာတဲ့ အနက်ရောင်အရိပ်သေးလေးသည် Mask ကိုရော ဦးထုပ်ကိုပါဆောင်းထားသည်။ ကားတံခါးကိုသေချာဆွဲပိတ်
နေတဲ့ လှုပ်ရှားမူလေးကိုပါ မြတ်နိုးပြီး Chanyeol ပြုံးကြည့်နေလိုက်သည်။ Maskကို
ဆွဲချွတ်ကာ ရယ်ပြလာသော မျက်နှာလေးကြောင့် Chanyeol ရင်တွေခုန်လိုက်သည်မှာ တလှပ် လှပ်.....

"မင်းအတွက် !"

Chanyeol ပေါင်ပေါ်တင်ပေးလာတဲ့ လက်ဆွဲစက္ကူအိတ်တစ်လုံးကြောင့် အထဲကိုကြည့်လိုက်တော့ အတော်လေး တန်ဖိုးကြီးနိူင်မည့် အနွေးထည်ကောင်းကောင်းတစ်ထည်ပင်....

"ငါ LA သွားတုန်းက ၀ယ်လာတာ ဆောင်းဦးရောက်လာပြီမလား ?နောက်ဆို ဒီထက်ပိုအေးးတော့မှာ !"

"ဘာလို့ ၀ယ်လာတာလဲ?ငါ့အတွက် ဒါတွေမလလိုပါဘူး !"

"ငါ့အတွက်တော့ လိုတယ် !ဘယ်ရောက်ရောက်
မင်းအတွက် ပဲ တွေးနေတာ "

Chanyeol ပြုံးကာ Baekhyun ပါးဖောင်းလေး
တစ်ဖက်ကို လက်ဖဝါးတစ်ဖက်နှင့် အုပ်ကိုင်ထား
လိုက်သည်။ Chanyeol တောင်မရောက်ဖူးတဲ့
LA ကိုလဲ Baekhyun ကခြေဆန့်ပြီးပြီ....

နိူင်ငံတကာ သွားရောက်ပြီး Concert တွေလုပ်နေရတဲ့ Baekhyun က ဘယ်ပဲရောက်ရောက် ချစ်သူအတွက် လိုအပ်မယ်ထင်တာလေးတွေအမြဲ၀ယ်လာပေးသည်။

"အေးနေရင် အိမ်ထဲမှာနေရမှာပေါ့ !ဘာလို့ ဟန်
မြစ်ကိုသွားချင်ရတာလဲ?"

"မရောက်တာကြာပြီလေ ! Chanyeol ရဲ့ ငါ့မှာ
Schedule တွေ များနေလို့ ငါ ခြေဆန့်ခဲ့တဲ့ နေရာ
တွေကို လွမ်းမိတယ်.."

"ပင်ပန်းနေပြီလား Baekhyunee !"

Baekhyun ကပြုံးပြီး ခေါင်းယမ်းပြလာသည်။

"မင်းမျက်နှာကို တွေ့လိုက်ရလို့ ငါမပင်ပန်းပါဘူး
အဟီး !"

Chanyeol က Baekhyun လက်တစ်ဖက်ကို
ဆုပ်ကိုင်ထားကာ လက်တစ်ဖက်နဲ့ ကားမောင်း
နေသည်။
"မင်းနဲ့ ဒီလိုမျိုး ခိုးကြောင်ခိုးဝှက်တွေ့နေရတာကို
ငါ တောင်းပန်ပါတယ် !"

" ဘာလို့ တောင်းပန်တာလဲ ?ငါက မင်းကို အပြစ်
တင်ဖူးလို့လား ?'

Baekhyun က ကားအပြင်ဘက်ကို ကြည့်ကာ
သက်ပြင်းသဲ့သဲ့ချသည်။

ဟန်မြစ်ကို ထိုးဆိုက်ပြီးရပ်လိုက်တဲ့ ကားပေါ်က
နေ Baekhyun ဖြေးညှင်းစွာဆင်းသွားသည်။
လူရှင်းတဲ့နေရာကို သေချာရွေးပြီးကားရပ်တာမို့
အမှောင်ရိပ်လဲ ကျသည်။

Byun Bird (Complete) Donde viven las historias. Descúbrelo ahora