2

1.2K 182 4
                                    


"ဘယ်လိုလဲ??ဒီတစ်ပတ် အားကစားဆန်ကာတင်မှာ မင်းမပါလာဘူးနော်..."

"ကျစ်"!!

မျက်ခုံးတစ်ဖက်ပင့်၍ ခပ်ရွဲ့ရွဲ့ ဆိုလာသူကြောင့်
Chanyeol မျက်မှောင်ကုတ်သွားရသည်။

လာပြန်ပြီ...

JunEun ဆိုသည့်ကောင်... ဒီကောင် ဘယ်ဘဝ
ရေစက် ကြောင့်chanyeol ကို ဆို ထိကပါး ရိကပါးအမြဲလာလုပ်နေတယ်မသိ....

Hansul ရော့ Chanyeol  ရော့ ဒီ
ကျောင်းကိုပြောင်းလာတာ နှစ်လမပြည့်သေးဘူး...ဒီကောင်နဲ့ Chanyeol ကြားထဲမှာ သုံးခါ လောက်က ငြိပြီးနေပြီဖြစ်သည်။ ကြည့်ရတာ ဒီကောင် Hansulကို ကြိုက်နေပုံပေါ်သည်။

Hansul နဲ့ကိုယ်နဲ့က ငယ်သူငယ်ချင်းဆိုတော့အ
မြဲ တတွဲတွဲဖြစ်နေတော့ ကိုယ့်ကိုမကြည်ဘဲ ပြသ
နာချည်းပဲ လိုက်ရှာနေတာ ဖြစ်တော့သည်။

ကြာတော့ သည်းမခံနိုင်တော့ ဒီကောင်နဲ့တစ်ခန်းထဲနေရတာစာသင်ချိန်တောင် အနှောင့်အ
ယှက်ဖြစ်ရသည်။

Chanyeol ဘာမှမပြောဘဲ ဝုန်း ခနဲထရပ်လိုက်
တော့ JunEunက ဟက်ခန်တစ်ချက်ရယ်သည်။

Chanyeol ဘာမှမပြောဘဲ တွန်းတိုက်ထွက်ခဲ့
လိုက်သည်။ ဦးတည်ရာက ကျောင်းရုံးခန်း...….

"Sam!!!"

ရုံးခန်းထဲ ဝင်ဝင်ချင်း ဦးလေးအရင်းဖြစ်သူSuho
ကို တွေ့လိုက်ရတာကြောင့် Chanyeol ဝမ်းသာအားရဖြစ်သွားသည်။

ဦးလေးက ဒီကျောင်းမှာ ကျောင်းဆရာပေမယ့်
Chanyeol ၏ အတန်းပိုင်မဟုတ်... အမျိုးတော်ပုံကို ဘယ်သူမှမသိတာမို့ Sam လို့သာ ခေါ်လိုက်
သည်။

"Sam!! ကျွန်တော် အခန်းပြောင်းချင်တယ် ?!
ဒီနေ့ပဲပြောင်းချင်တယ် "

"ဟေ !!မင်းက ဘယ်ကိုပြောင်းမှာတုန်း !!"

"Sam အခန်းကိုပြောင်းမယ်လေ !!မရဘူးလား'

"ဘာတုန်း !!ဘာတွေအဆင်မပြေဖြစ်လို့တုန်း"

"အခုနေနေတဲ့ အခန်းထဲကောင်တစ်ကောင်က
ပြသနာ တအားရှာတယ် JISam ရာ...ကျွန်တော်
သည်းခံနေတာကြာပြီ !လုပ်ပါ sam ရာ ဒီနေ့ပဲ
ဖြစ်ဖြစ် အခန်းပြောင်းပေးပါ...."

Byun Bird (Complete) Donde viven las historias. Descúbrelo ahora