8

1K 135 8
                                    


Baekhyun မှာ နောက်နေ့ရောက်တော့ကျောင်းလဲ မသွားနိူင်ဘဲ Chanyeol ကိုဖုန်းဆက်ပြီး အဖေနဲ့နေရမှာမို့လို့စိတ်မပူဖို့ ကျောင်းမပျက်ဖို့ အတန်တန်မှာကာ လိမ်ညာထားရသည်။

တကယ်တမ်းတော့ Baekhyunရင်ထဲ ဗလောင်ဆူနေရသည်။တကယ်ကိုဒီနေ့မှ ပိုက်ဆံမရှာနိူင်ရင် တစ်ခုခုတော့ ဆုံးရှုံးတော့ မလိုကို ခံစားနေရသည်။

"Baekhyun !! နင် ဘာတွေ သဘောမတူနိူင်ဖြစ်နေရတာလဲ ? နင့်အဖေ ကို ဒီအတိုင်းထားတော့မလို့လား??"

"မဟုတ်ဘူး အန်တီ !! အိမ်ရောင်းတာကတော့ ကျွန်တော်ဘယ်လိုမှ မလုပ်နိူင်ဘူး !!"

" ဘာမဟုတ်တဲ့ အတွေးနဲ့များဟယ် !နင့်အဖေ အသက်ထက်ဘယ်ဟာ ကအရေးကြီးမှာလဲ??"အဲ့ဒါ နင့်အဖေအရင်းပါဟဲ့ !"

လက်ခုပ်နှစ်ဖက်ထဲ မျက်နှာထည့်ပြီး ငြိမ်သက်နေရင်းကနေ မိထွေး ၏စကားကြောင့် Baekhyunမိထွေးမျက်နှာကို လှည့်ကြည့်မိသွားသည်။

"အန်တီ ဘာပြောလိုက်တာ !!"

"နင့်အဖေအသက်ထက် နင့်အတွက် ဘာက အရေးကြီးနေတာလဲလို့ !အဲ့ဒါ နင့်အဖေအရင်းနော် !! နင့်ကိုတစ်သက်လုံးရှာကျွေးထားတဲ့ နင့်အ‌ ဖေအရင်း...!"

Baekhyun လက်သီးတစ်ချက်ဆုပ်မိသွားသည်။
ဟုတ်တယ်...ငါ့အဖေအရင်း....အဖေ့အသက်ထက် ဘာကအရေးကြီးမှာလဲ???ငါဘာတွေ တွေဝေနေတာလဲ??

"အန်တီ ပြောတာ မှန်တယ် !!"

Baekhyun ဝုန်း ခနဲ ထထွက်လာခဲ့လိုက်သည်။တုန်ရီနေတဲ့ လက်ကို အသာ ထိန်းကာ ဖုန်းနံပါတ် တစ်ချို့ကိုနှိပ်မိလိုက်သည်။

တွေဝေ စိတ်ကို မောင်းထုတ်....

"ဟယ်လို...."

"အမိန့်ရှိပါ..!"

"Kim..Kimtaemin ဆိုတာ !"

"ငါပါပဲ !! ဘယ်သူလဲ?"

Baekhyun အသက်၀၀ရှုလိုက်သည်။ ၀ရံတာလက်ရန်းကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလိုက်ရင်း....

"ခင်..ခင်ဗျား!! ကျွန်တော် နဲ့ တစ်ည အိပ်ချင်လား??"

"ဟင် !! ဘယ်သူ "

"စားသောက်ဆိုင်မှာ ခင်ဗျား နဲ့လိုက်ခဲ့မလားလို့ မေးတဲ့ အချိန်ပိုင်း ၀န်ထမ်း !! မှတ်မိလား??"

Byun Bird (Complete) Tempat cerita menjadi hidup. Temukan sekarang