27

1.5K 188 16
                                    

"Baekhyunee "

Baekhyun အိပ်ချင်မပြေသေးလို့ အိမ်မက် မက်နေတာ ဖြစ်မယ်...ဘာလို့...ဘာလို့ Chanyeol လို့ မြင်နေရတာလဲ

ဒါ ဖြစ်နိူင်စရာမှမရှိတာ...

"ဘေဘီ"

ပါးတစ်ဖက်ကို အုပ်ကိုင်လာတဲ့ လက်ဖဝါးနွေးနွေးလေးတစ်ဖက်... Baekhyun ရင်ဘတ်တစ်ခုလုံး ဆို့နင့်လာတယ်...အသံလဲ မထွက်လာနိူင်တော့ဘဲ မျက်ရည်တွေသာ ပြည်ြလျှံပြီး Baekhyun ကြောင်အ နေတုန်း,....

ပါးချိုင့်တစ်ဖက် အထင်အရှားပေါ်ပြီး နူးနူးညံ့ညံ့လေးပြုံးနေတဲ့ Chanyeol မျက်၀န်းမှာလဲ မျက်ရည်တွေနဲ့...

"Chan.. Chanyeol.."

"အင်း !ဟုတ်တယ် ငါ Chanyeol ပါ.... ကောင်းကောင်းနေနေတယ် မလား Baekhyunee..!"

"အင့်...ဟင့် !!"

Baekhyun အိခနဲ ငိုချကာ Chanyeol လည်ပင်းတွေကိုသိုင်းဖက်ပစ်လိုက်သည်။ ခါးကို ပြန်လည်ဖက်တွယ်လာပေးတဲ့ လက်တစ်စုံက သန်မာနေလေရဲ့...

Chanyeol ရဲ့ ပုခုံးကျယ်ကို မျက်နှာအပ်ပြီး Baekhyunနာနာကျင်ကျင် အော်ငိုမိတယ်...ထပ်ပြီးဝေးသွားမှာ စိုးသည့်အလား Chanyeol ရင်ဘတ်ကို ကြောင်လေးတစ်ကောင်လို ကုက်ကပ်ထားမိသည်။

"Baekhyunee..!တော်ပြီ..မငိုနဲ့တော့ "

Baekhyun မျက်နှာကိုပွေ့ယူလိုက်တဲ့အခါ Chanyeolလဲငိုနေခဲ့တာပဲ... Chanyeol မျက်နှာကိုမြင်လေလေ Baekhyun ပိုပြီး ၀မ်းနည်းလေလေဖြစ်ကာ လက်နှစ်ဖက်လုံးကလဲ မှီရာကို လှမ်းဆွဲထားမိသည်။

"Chanyeol မကောင်းဘူး !ဟင့် ငါ့ကို ပစ်ထားတယ် "

"ဟုတ်ပ ! Chanyeol ကမကောင်းဘူး ‌ကလေးလေးကိုပစ်ထားတယ်..."

အရင်က ထွက်သွား မလာနဲ့ ဆိုပြီး မောင်းထုတ်ခဲ့တာ ဘယ်သူလဲ လို့ စရင် ထပ်ငိုနေမှာစိုးလို့ Chanyeol မစရဲပေ...ကြောင်ပေါက်စလေးလို နှာခေါင်းထိပ်လေးတွေနှုတ်ခမ်းလေးတွေ ရဲ နေတဲ့ Baekhyunလေး ကို Chanyeol ချစ်လိုက်တာ....

Baekhyun ကအခု ခါးသီးခြင်းတွေ မပြတော့ Chanyeol အတိုင်းမသိအောင် ၀မ်းသာရသည်။

"ငါ့ကို လွမ်းနေတာလား ?"

"အင်း "

ချက်ချင်း ခေါင်းညိတ်ပြလာတဲ့ Baekhyunလေးကို အူယားလွန်းလို့ တစ်ချက်‌ လောက် ဖျစ်ညစ်လိုက်မိသည်။

Byun Bird (Complete) Место, где живут истории. Откройте их для себя