"Chanyeol !!ပြန် ပြန်ရအောင် !"ချိုရှရှ အသံလေးက တိုးညှင်းပြီး လှိုက်မောသလို
လေးထွက်လာသည်။ Chanyeol လှည့်ကြည့်လိုက်တော့ ချွေးပြန်နေတဲ့ Baekhyun ကလဲ သူ့
မျက်နှာကို မျက်နှာငယ်လေးနဲ့ မော့ကြည့်နေရှာ
သည်။၀တ်ထားတဲ့ ဂျင်းအထူကြောင့် ပူနေတာတော့မ
ဟုတ် တုန်လှုပ်မူနဲ့ကြောက်ရွံ့မူကြောင့် Baekhyun ပုံစံက နေမိထိ ထိုင်မသာ....အိတ်ကပ်ထဲက တစ်ရှူးကိုဆွဲထုတ်၍ Baekhyun
မျက်နှာထက် ဖွဖွ သုတ်ပေးရင်း ချော့မော့ဖျောင့်ဖျရသေးသည်။"နောက်နှစ်ယောက်ဆို မင်းအလှည့်လာတော့မှာ
လေ ! Baekhyunee မကြောက်နဲ့ ငါရှိတယ် !""မင်းရှိလဲ ကြောက်တာက ကြောက်တာပဲ !ပြန်ရ
အောင်ပါ !မပြိုင်ချင်တော့ဘူး..အဆိုတော်လဲ မလုပ်ချင်တော့ဘူး ! Chanyeol နော် ပြန်မယ်နော်"Chanyeol လက်မောင်းတွေကို လက်နှစ်ဖက်နဲ့
ဆုပ်ကိုင်ကာ Baekhyun ပြောနေသည်။Chanyeol သက်ပြင်းချကာ Baekhyun အနည်း
ငယ်ကြောက်စိတ်ပြေစေရန်ရင်ခွင်ထဲထွေးဖက်၍
ကျောပြင်ကို ပုတ်ပေးလိုက်သည်။ဒီအထိတောင် ရောက်လာပြီးမှ လက်လျော့ပြီးလှည့်ပြန်တာမျိုး Chanyeol မလုပ်ချင်...အခွင့်အရေးဆိုတာ နှစ်ခါမရနိူင်ဘူး မဟုတ်လား?
CEO Heechul Hyung ကိုယ်တိုင်က ကမ်းလှမ်း
တာမို့ Baekhyun က သူများထက် ဖြစ်နိူင်ချေရှိ
သည်ဟု Chanyeol ထင်သည်။အနည်းဆုံးတော့
မအောင်ရင်တောင် ကြိုးစားရမည် မဟုတ်ပါလား??"Baekhyunee !မင်းအလှည့်ပဲ သွားတော့ "
"ဟင့်အင်း ! Chanyeol !"
အဲ့ဒါမှ ဒုက္ခပဲ...အခု ထွက်လာမယ့်တစ်ယောက်ပြီးရင် Baekhyun အလှည့်ရောက်လာပြီ...
Baekhyun က မသွားဘူးဆိုပြီး Chanyeol ခါး
တွေကိုရအောင်ဖက်ထားသည်။ ရင်ခွင်ထဲကအတင်းဆွဲထုတ်တော့ ခန္ဓာကိုယ်ချင်းကွာသွားပေ
မယ့် Baekhyun လက်လေးတွေက Chanyeol
အင်္ကျီစတွေကိုကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထား
ဆဲ..."Baekhyunee !မင်းမသွားလို့ ဘယ်ရမလဲ?ဒီအထိတောင်ရောက်လာပြီးမှ လက်လျော့မလို့လား ?ငါရှိတယ် သွား !ငါချောင်းကြည့်နေမယ်"

KAMU SEDANG MEMBACA
Byun Bird (Complete)
Fiksi PenggemarByun မည်သောငှက်ကလေးတစ်ကောင်၏လွပ်လပ်ခွင့်ကိုဖန်တီးပေး သောသူက ဘာများဖြစ်မလဲ ? Byun မည်သောငှက်ကလေးတစ်ကောင်၏လွပ်လပ်ခွင့်ကိုဖန်တီးပေး သောသူက ဘာများဖြစ်မလဲ ? Coverby@byunasunaparkBy00