15

1.2K 129 7
                                        

Baekhyun  နေမကောင်းသည်မှာChanyeol
တို့ တစ်အိမ်လုံး ဘယ်သူမှ နားနားနေနေ မနေရ
ပေ.. နှစ်ရက်နီးပါး ကြာမြင့်လာပေမယ့် Baekhyun ကို အခန်းထဲကနေ လုံး၀မထုတ်တာ
မို့ အလုပ်သမားတွေတောင် Baekhyun ကို မမြင်ဖူးပေ....

Baekhyun ကိုတင် အပြင်မထုတ်တာလားဆို
လျှင် မဟုတ်...သူကိုယ်တိုင်လဲ အခန်းအောင်းနေ
တာ ဖြစ်သည်။ ကျောင်းလဲမသွား....အိမ်ရှေ့တောင်မထွက်...

အခုတော့ မီးဖိုချောင်ခန်းထဲရောက်‌ နေသည်။
အကြောင်းမှာ လူမမာ စားဖို့ကို  နှုတ် ဖြင့် လာ
ရောက်စီစဉ်နေခြင်းဖြစ်သည်။

"ခေါက်ဆွဲ ကို ပျော့နေအောင်ပြုတ်ပါဆို ! လူကောင်းစားမှာမဟုတ်ဘူး !နေမကောင်းတဲ့သူ
စားဖို့ပါဆိုနေ !!"

သူကိုယ်တိုင်ကဖြင့် ဘာမှ မလုပ်တတ်ဘဲနဲ့...

အိမ်အကူ ကောင်မလေးတွေမှာ တစ်ခါမှ မီးဖိုချောင်မ၀င်ဖူးတဲ့ အစ်ကိုလေး ကြောင့် ဘာ
လုပ်လို့ လုပ်ရမှန်းမသိ ကပေါက်တိကပေါက်ချာ
ဖြစ်နေကြရသည်။

"ကြက်သားပေါင်းကို ဂျင်ဆင်းများများ ထည့်မှာ
ပါဆို အဲ့လောက်လေးနဲ့ ဘာလုပ်ရမှာလဲ ?!"

"ကြက်သွန်မှိတ်က သေးသေးမှုန်မှုန်လေးတွေ လှီး ထားရသလား ?"

"အစ်ကိုလေး !!"

"ဘာလဲ ?"

"အစ်ကိုလေးက တစ်ခါမှ မီးဖိုချောင် မ၀င်ဖူးဘဲ
နဲ့ !! အရသာရှိအောင် သင့်တော်အောင် လုပ်ဖို့က
Mishin တို့က ပိုသိတာပေါ့ !!"

အိမ်မှာ ကလေးကတည်းက နေလာခဲ့ပြီး မိသား
စုတစ်ပိုင်း ဖြစ်နေတဲ့ Mishin က ဂျင်ဆင်းတွေ
ကြက်သားထဲ ထိုးထည့်နေရင်း ပြောလာသည်။
သူတို့ကို အကြောင်းမဲ့ကြီး ဟောက်လား ငမ်းလား လာလုပ်နေတဲ့ အစ်ကိုလေး ကို အမြင်မကြည်ချင်ဘဲ စိတ်ကပါကောက်ချင်နေသေးသည်။

"မမလေးက ပြောတယ် ! အစ်ကိုလေး ကောင်လေးက ချစ်စရာလေး တဲ့ ! ရောက်တာ နှစ်ရက်
ရှိပြီဆို ! တစ်ခါမှလဲ အပြင်ခေါ်မထုတ်လာဘူး!
သူ့ကောင်လေးကို ပိုးလိုဥထားတယ် !!"

"တယ်လေ !!ငါခေါက်ထည့်လိုက်ရ! အဲ့ဒါ နင်နဲ့
ဘာဆိုင်လို့တုန်း !လုပ်စရာရှိတာ လုပ်စမ်းပါ "

Byun Bird (Complete) Where stories live. Discover now