16

1.2K 130 6
                                        

"မရဘူး လို့ပြောနေတယ်နော် !ကျန်တာ လိုက်လျောပေးမယ် !ဒါတော့ မရဘူး!"

"မေမေကလဲ "

"မေမေက လဲ တွေ မေမေကထောင်တွေ မလုပ်
နဲ့ ! အတူတူမအိပ်ရဘူးဆို မအိပ်ရဘူး ! နင်တို့အ
သက်ငယ်ငယ်လေးရှိသေးတာ !ဒီမှာ သား မေမေ
ပြောမယ် နားထောင် ! လူငယ် သဘာ၀ ခြေလွန်
လက်လွန်တွေဖြစ်ကုန်မှာစိုးလို့ မေမေက ပြောနေ
တာ ! Baekhyunလေးက ယောင်္ကျားလေးဆိုပေ
မယ့် သားတို့မှားသွားမှာစိုးလို့ !!"

"ငါက ဟိုကလေးကို ယုံတယ် နင့်ကို မယုံတာ !
မေမေပြောတာ နားထောင်ပါ !သား ကောင်လေး
ကို တန်ဖိုး မထားဘူးလား ?"

"ဘယ်လိုပြောလိုက်တာလဲ မေမေရယ် တန်ဖိုး
ထားတာပေါ့..! Baekhyun ကို သား အရမ်းချစ်
တာကို !"

"အေး !ချစ်လွန်းလို့ ခြေလွန်လက်လွန်ဖြစ်သွားမှာ
စိုးလို့ပြောနေတာ !မေမေ့ သားက လိမ္မာပါတယ်
Baekhyunလေး သူ့ဘာသာအိပ်ပါစေနော် !!"

Chanyeol က တော်တော်လေးကို ဆူပုတ်နေ
သည်။ Baekhyun နေကောင်းသွားပြီမို့လို့ အတူတူဖက်အိပ်ချင်တာကိုမရဘူးတဲ့...

အရင်က နေမကောင်းလို့ တစ်ခန်းထဲနေတာကို
ဘာမှ မပြောပေမယ့် အခုမှအကြီးအကျယ်လာ
ကန့်ကွက်နေသည်။တစ်အိမ်ထဲ အတူတူရှိနေပြီး
မှ အတူတူလဲ မအိပ်ရ မဖက်ရ နဲ့ ..ဘယ်လိုလုပ်
နေနိူင်မလဲ

အဲ့လိုမှန်းသိ နေမကောင်းကတည်းက ဘုထည့်
လိုက်ပါတယ်....

"ပြီးရော !!"

Chanyeol ထထွက်သွားကာ Baekhyun ဆီသွားလိုက်သည်။ Baekhyun က မမ နဲ့အတူမိ
သားစု ဓာတ်ပုံတွေကြည့်နေတာဖြစ်သည်။

"အယ် !"

ကြမ်းပြင်ပေါ်ပုံ့ပုံ့လေး ထိုင်နေတဲ့ Baekhyun
ကို ဘာမှမပြောညာမပြောနဲ့ ကောက်ပွေ့ခဲ့တော့
Baekhyunကလဲ အလုံးလိုက်လေးပါလာသလို
အစ်မ ဖြစ်သူကလဲ လက်ညိုးကြီးလှမ်းထိုးပြီး
ဘာမှတောင်မပြောနိူင်....

"Chanyeol ကလဲ မမကိုအားနာစရာ !ဘာလုပျ
တာလဲ?"

"အလွမ်းသယ်မလို့ !!"

"ဟင် ! Chanyeol ကဘယ်သွားမလို့လဲ?"

"ဒီည Baekhyunee ကဟိုဘက်အခန်းမှာ အိပ်ရ
မှာတဲ့ !တစ်ယောက်ထဲ အိပ်ရမှာတဲ့ သနားပါတယ်"

Byun Bird (Complete) حيث تعيش القصص. اكتشف الآن