"Baekhyunee ! မထသေးဘူးလား ?"Chanyeol တောင် ရေမျိုးချိုးပြီး မျက်နှာသစ်
ပြီးနေပြီ Baekhyun ကအခုထိ စောင်တွေနဲ့လုံး
ပြီး အိပ်မောကျနေဆဲ ဖြစ်သည်။တစ်စွန်းတစ်စ
ပေါ်နေတဲ့ ဖွေးဥဥ ပုခုံးသားလေးအား နှုတ်ခမ်း
လေးနဲ့ ငုံ့နမ်းရင်း နှိုးလိုက်မိတာတောင် တုတ်တုတ်မလှုပ်..."ထတော့ ! Baekhyunee ထ ထ!"
"အင်း ><"
"နေတော်တော်မြင့်နေပြီ !"
"Chanyeol !"
"ဟင် !"
"ငါ မထနိူင်တော့ဘူးထင်တယ် !"
"ဟင် !ဘာဖြစ်တာ ?"
Baekhyun အသံက တိုးတိုးလေးနဲ့ ဗလုံးဗထွေး
မို့ Chanyeol ခေါင်းငုံ့ပြီး နားထောင်လိုက်ရသည်။"တစ်ကိုယ်လုံး နာနေတယ် !"
"ဟုတ်လား ?"
ဖျားချင်နေပြီ ထင်တယ်...
ညကျ ရေထဲမှာလဲ တော်တော်ကြာတယ် မဟုတ်
လား ? Chanyeol စောင်ကို သေချာဆွဲပြီး ခြုံပေးထားလိုက်ကာ..."ပြန်အိပ်လိုက် Baekhyunee ! ငါအပြင် ခဏ
သွားဦးမယ် !နော် !""ဟင့်အင်း !ငါတစ်ယောက်ထဲလေ !"
"ဘာမှ မဖြစ်ဘူး ခဏပဲ !ဆေး သွား၀ယ်မလို့လေ
ဒီနားလေးမှာ မားကတ် တစ်ခုရှိတာ ငါတွေ့တယ်
အိပ်နေလိုက်နော် !""အင်း !"
"လိမ္မာတယ် ရွှတ် !"
ပါးပြင်လေးကိုဖိနမ်းကာ Chanyeol မြန်မြန်ထွက်ခဲ့လိုက်သည်။
အကိုက်အခဲပျောက်ဆေးနဲ့ ကိုယ်ပူကျဆေးကို
၀ယ်ခဲ့လိုက်တာ ဈေးထဲ ခဏပတ်ကြည့်လိုက်
သည်။"အမဲရိုးစွတ်ပြုတ် !"
Baekhyun အားရှိအောင် စားသင့်သည်လို့ ထင်
တာကြောင့် အမဲရိုးစွတ်ပြုတ်ရယ် သစ်သီးတစ်
ချို့ရယ်ကို ၀ယ်လိုက်သည်။Chanyeol ကတော့ ဟော်တယ်ကပဲ မှာစားလိုက်
ပါတော့မည်။Chanyeol ပြန်လာတော့ Baekhyun အိပ်ပျော်နေဆဲဖြစ်သည်။ ညကလဲ
ရေချိုး၀တ်ကိုသာ ၀တ်ရင်း အိပ်ပျော်သွားတာမို့
နွေးနွေးထွေးထွေးရှိမည့် အ၀တ်အစားတို့ကို လဲ
ပေးလိုက်သည်။

ŞİMDİ OKUDUĞUN
Byun Bird (Complete)
Hayran KurguByun မည်သောငှက်ကလေးတစ်ကောင်၏လွပ်လပ်ခွင့်ကိုဖန်တီးပေး သောသူက ဘာများဖြစ်မလဲ ? Byun မည်သောငှက်ကလေးတစ်ကောင်၏လွပ်လပ်ခွင့်ကိုဖန်တီးပေး သောသူက ဘာများဖြစ်မလဲ ? Coverby@byunasunaparkBy00