7

1.1K 132 6
                                    

"Baekhyun !!"

မျက်နှာချင်းဆိုင်ကြီး တွေ့လိုက်ရတာတောင်
Baekhyun ကသိသိသာသာကြီးရှောင်ထွက်သွားသည်။ကျောင်းရောက်ကတည်းက ရှောင်
နေတာ သိသိသာသာ ကြီးဖြစ်နေသည်။

Chanyeol ဘယ်လိုပင် အနောက်က တကောက်
ကောက် လိုက်နေပါစေ... Baekhyun ကတော့
Chanyeol ကို ယောင်လို့ပင် မော့မကြည့်....

အခုတော့ Chanyeol စိတ်မရှည်တော့....

ပြသနာတစ်စုံတစ်ရာဖြစ်လာရင် ထိပ်တိုက်ဖြေ
ရှင်းလိုက် တာမကောင်းဘူးလား ...အဲ့လိုရှောင်
ထွက်နေတာက ဒီရင်ဘတ်ကြီးကို ပိုပြီး မွန်းကြပ်
နေစေသည်။

စာကြည့်တိုက်သွားတဲ့ လမ်းဘက်မှာ Baekhyun
ကိုတွေ့လိုက်ရတာမို့ Chanyeol ၀မ်းသာအားရ
ပြေးလိုက်ကာ အရှေ့ကနေ ပိတ်ရပ်လိုက်သည်။

ထွက်မပြေးနိူင်အောင် လက်ကောက်၀တ်ကိုပါ
ဆုပ်ကိုင်ထားလိုက်တော့ ဆောင့်ပြီးရုန်းသည်။

မျက်နှာလေးကလဲ စူပုတ်နေတာပဲ....

"ခဏလေးပါ !!ခဏလေး Baekhyunee!လက်
နာလိမ့်မယ် မရုန်းနဲ့..!ဟင် !! ပက်တီးက ဘာဖြစ်တာလဲ တစ်ခုခုနဲ့ထိခိုက်မိတာလား?"

လက်ကောက်၀တ်ကို ဆုပ်ကိုင်လိုက်တာမို့ လက်
ချောင်းတစ်၀က်လောက်အထိ ဖုံးအုပ်နေသော လက်ရှည် အနွေးထည်က အပေါ်ကို တွန့်သွားတာပြီးပက်တီး ဖွေးဖွေးက မလိုက်ဖက်စွာပေါ်လာသည်။ မနေ့ညက နံရံကို လက်သီးနဲ့ ထိုးခဲ့လို့နာသွားတာ ဖြစ်ရမယ်.... Chanyeol ဆွဲလိုက်မိသည့် အားနဲ့ အရမ်းများနာသွားမလားဆိုပြီး Baekhyun မျက်နာလေးကိုငုံ့ကြည့်လိုက်သည်။

စိမ်းသက်သက်အကြည့်တွေနဲ့ စိုက်ကြည့်လာတဲ့
အခါ Chanyeol ရင်ထဲစူးအောင့်သွားရသည်။

ဒီကတော့ ချစ်လိုက်ရတာ....ဒါပေမယ့်လဲ အဲ့လို
ဆိုးတာလေးကိုက Baekhyun ဖြစ်နေလို့ကို ချစ်
နေရပြန်သည်။

"ငါ့ကို မကျေနပ်ဘူးဆို.. ဆွဲထိုးချင်ထိုး လိုက်စမ်း
ပါ Baekhyunee ရာ...ငါ့ကိုရှောင်ဖယ်နေတာတွေ ...မုန်းသလို အကြည့်တွေနဲ့ ကြည့်နေတာတွေ မလုပ်ပါနဲ့လား?"

"အာ့ဆို လွှတ် !"

"မလွှတ်ဘူးဆို !"

"သောက်ကျိုးနည်းကောင် !မင်းပဲ မကျေနပ်ရင်
ဆွဲထိုးဆို !!ငါ့ကိုလွှတ်မှ ငါထိုးလို့ရမှာပေါ့ !!"

Byun Bird (Complete) Donde viven las historias. Descúbrelo ahora