4

1.1K 177 4
                                    


"Baekhyun !!"

Chanyeol ခပ်ဖွဖွ ခေါ်သော်လည်း Baekhyun
ထံမှ ဘာသံမှ ထွက်မလာပေ...ခုံနဲ့ မျက်နှာနဲ့ ပူး
ကပ်နေလိုက်တာများ စူပါဂလူးနဲ့ ခွာမရအောင်
ကပ်ထားတဲ့ အတိုင်းပဲ... ဘာသာ စကား အချိန်
တစ်ချိန်လုံးလဲ မှောက်အိပ်နေတာ တုတ်တုတ်
တောင်မလှုပ် ..အခု အားကစား အချိန်လဲ ထဖို့
အစီအစဉ်မရှိဘူး ထင်...

ငုံ့ကြည့်လိုက်တော့ နှုတ်ခမ်းပိစိလေးက ထော်ပြီး
ပါးလေးက အစ်ထွက်နေသည်။ တ်ေသေးတယ်..
ဒီဘက် လှည့်အိပ်နေတာမို့လို့....လက်လေးတစ်ဖက်က ခုံပေါ်တင်ထားတာမို့ Chanyeol ဒီ
အတိုင်းကြည့်မိသွားသည်။

လှလိုက်တာ....
မဲ့သေးသေးလေးလဲ ရှိတာပဲ..ဒီနားမှာ....

နှုတ်ခမ်းထောင့်စွန်းလေးမှာ မှဲ့ပိစိလေးက အသဲ
ယားစရာ ရှိနေလိုက်သေးတယ်...ဒါကြောင့် စွာတေးလန် လေးဖြစ်နေတာ နေမှာ....

မျက်ရစ်လေးကလဲသေးသေးလေး...နှာခေါင်း
လေးကလဲ လုံးလုံးလေး...နှုတ်ခမ်းလေးကလဲ ပိစိ
သေးသေးလေး.....စိတ်၀င်စရာကောင်းလိုက်တဲ့
ကောင်လေး....

"Chanyeol !!"

"အမယ်လေး !!"

"ဘက်စကတ်ဘော အချိန်က အဓိကလေ မသွား
ဘူး အု ...အဲ့ !!"

အလိုက်ကန်းဆိုးမသိ လာအော်နေတဲ့ Kim Chen
ကို အတင်းပါးစပ်ပြေးပိတ်နေရတဲ့ Chanyeol
ဘ၀က ‌Baekhyun ကိုလဲ ငုံကြည့်ရသေးတယ်
နိူးသွားမှာစိုးလို့....

"ဒါ အိပ်နေရမယ့် အချိန်မှ မဟုတ်တာ.. Baekhyun ထ. ထ ဟေ့ကောင်..!"

"ဟာ.!!"

ဒီမှာတောင် နိူးသွားမှာစိုးလို့ နုဖတ် နေရတာကို
ဒင်းက အတင်းကိုလှုပ်နိူးနေတော့ ဟိုကလဲ အိပ်
မှုန်စုံမွှားနဲ့ ထကြည့်လာသည်။ဖွာလန်နေတဲ့ ဆံပင်လေးနဲ့ မျက်လုံးလှန်ကြည့်နေတဲ့ Baekhyun ပုံစံဟာ ခွေးစုတ်ဖွားလေးနဲ့ တူနေတာလိုလိုပဲ.... Chanyeol သဘောကျစွာငေးကြည့်မိသွားသည်။

သဘာ၀နဲ့တောင် Baekhyun ကလှတယ်....

Chanyeol စိတ်ထဲမှာ Baekhyun ဟာ ကြည့်
လိုက်တိုင်းပြုံးမိစေတဲ့ မွေးကင်းစ ကလေးလေး
တစ်ယောက်နဲ့ တူနေတယ်...

ချစ်လိုက်တာဆိုပြီး...အရမ်းကြီးလဲ ဖျစ်ညစ်ပစ်
လို့မရတဲ့ နုနယ် တဲ့အရာလေးလိုပဲ တစိမ့်စိမ့် တ
သိမ့်သိမ့်လေး.....

Byun Bird (Complete) Où les histoires vivent. Découvrez maintenant