28

1.6K 192 12
                                    

အညိုရောင် ဆံပင်ကောက်ကောက်လေးတွေက နဖူးပေါ် အုပ်ကျနေပြီး ပွယောင်းနေသေးသည်။ ရှမ်ပူနံ့သင်းသင်းလေးက နှာ၀ထက်ကျီစယ်လွန်းနေတာမို့ မလွဲဖယ်နိူင်ဘဲခပ်ကြာကြာလေး နမ်းရှိုက်လိုက်မိသည်။ လက်မောင်းပေါ်ကို ခေါင်းအုံးပြီး ခါးကို ဖက်လုံးတစ်လုံးလို သိုင်းဖက်ထားကာ မျက်နှာလေးကို မော့ထားတဲ့ Baekhyun
လေးက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေဆဲဖြစ်သည်။

တြိဂံဇောက်ထိုး ပါးစပ်ကလေးကို ဟ ၍ အိပ်ပျော်နေပုံက ကလေးလေးတစ်ယောက်နှယ် ချစ်စဖွယ်ကောင်းလွန်းလှသည်။ ၀င်းမွတ်နေတဲ့ ပါးအိအိလေးကို အုပ်ကိုင်ကာ လက်မလေးနှင့် ခပ်ဖွဖွ ပွတ်သပ်လိုက်ပြီး Chanyeol ရင်ထဲ ကြည်နူး ခြင်းတွေ ဖြစ်ပေါ်နေသည်။

အိပ်မောကျနေတဲ့ ကိုယ်လုံးနွေးနွေးအိအိလေးကို ဖက်ထားရတာ နိဗ္ဗာန်ဘုံပင်...

Baekhyun ကို သူ ကြည့်လေ ချစ်မ၀လေ ဖြစ်နေရသည်။နှုတ်ခမ်းထောင့်စွန်းက မှဲ့သေးသေးလေးကို ခဏကြာ ဖိနမ်းထားကာ တစ်ဆတ်ထဲ နဖူး နဲ့ ပါးပြင်လေးတွေကိုပါ တရှုံ့ရှုံ့နမ်းနေမိသည်။ နိူးသွားမှာဆိုလို့ ရပ်တန့်လိုက်ပေမယ့် Baekhyunက အင်းအင်းအဲအဲ နဲ့
လူးလွန့်လာတော့သည်။ခါးနားရောက်နေတဲ့ စောင်ကို ပုခုံးဖုံးသည်အထိ ဆွဲခြုံပေးလိုက်ကာ ကိုယ်လုံးလေးကိုရင်ခွင်ထဲ မြုပ်နေအောင် ဖက်ထားပေးလိုက်သည်။

"အိပ်ဦးလေး ကလေးရဲ့ !ငါရှိတယ်...နော် အိပ်လိုက်ဦး"

"ဟင့်..အင်း "

Chanyeol ပွေ့ဖက်ထားတဲ့ကြားကနေ သူ့လက်‌သေးသေးလေးတစ်ဖက်ကို အပြင်ထုတ်လာကာ မျက်လုံးတွေကိုပွတ်သပ်ရန်ပြင်နေသည်။ သို့ပေမယ့် အင်္ကျီလက်က
လက်ချောင်းလေးတွေ မမြင်ရအောင် အထိ ဖုံးအုပ်နေတာမို့ စိတ်အလိုမကျဘဲ အင်းအဲ အသံလေးထွက်လာလို့မနေသာတဲ့ Chanyeolကပဲ လက်တစ်ဖက်နဲ့ ဆွဲချပေးလိုက်ရသည်။

အိပ်ရာနိူးကာစမို့ အီနေတဲ့ Baekhyun လေးကအသံ တိုးတိုးလေးနဲ့ ဘာတွေအီနေမှန်းပင် မသိတော့ပေ...

Chanyeol ရင်ဘတ်ပေါ် မျက်နှာ လေးအပ်ပြီး မှောက်ခုံလေး တင်အိပ်လာတော့လဲ Chanyeol မှာ အလိုက်သင့်လေးပြန်ဖက်ထားပေးရသည်။မျက်စိအောက်မှာ မြင်နေရတဲ့ ခေါင်းလုံးလုံးလေးကို လက်ချောင်းလေးတွေနဲ့ ပွတ်သပ်ရင်း ချော့မြူနေလိုက်တော့ Baekhyunလေးက တိုး
တိုးလေး ချွှဲနေပြန်သည်။

Byun Bird (Complete) Où les histoires vivent. Découvrez maintenant