11

1.2K 137 4
                                    

Chanyeol မှာ ကားကိုမှီရပ်နေရာမှ မျှော်လင့်နေ
ရသည့် ဦးတည်ရာလေးက အညိုရောင်လုံးလုံး
လေးလိမ့်ထွက်လာပြီမို့ Chanyeol ခေါင်းထောင်
ကြည့်မိသွားလဲ?

ဘာလဲ ??ငိုထားတာလား ??

လမ်းတစ်ဖက်ကနေ ကူးလာမည့်ဆဲဆဲ ဖြစ်နေ
သည့် ကောင်လေးကို စိတ်ရှည်ရှည်ထားတာ စောင့်နေရသည်။အဝေးကနေ ကြည့်‌တာတောင်
မျက်နှာလေးက တကယ်ကိုသုန်မှုန်ပြီး နီရဲရဲလေး
ဖြစ်နေတာ သေချာတယ်...

"Baekhyunee !!ဘာဖြစ်လာတာလဲ?"

Chanyeol ကမေးခါမှ ရင်ခွင်ထဲမြုပ်နေအောင်
တိုး၀င်လာတဲ့ Baekhyun ကိုချက်ချင်းပင် ဆွဲ
ထုတ်ကာ မျက်နှာလေးကို ငုံ့ကြည့်ရသည်။ ငိုနေ
တာတော့ မဟုတ်ပေမယ့် မျက်နှာဖောင်းဖောင်း
လေးက နီရဲရဲလေးဖြစ်နေကာ မျက်၀န်းအိမ်မှာလဲ
အရည်ကြည်လေးတွေ ပြည့်နေသည်။

Chanyeol ခါးနှစ်ဖက်ကို လက်နှစ်ဖက်လုံးနဲ့ဆုပ်
ကိုင်ထားတာကလဲ အားကိုးတကြီး...

ကြယ်ပွင့်လေးတွေလို ပျိုးပျိုးပျက်ပျက်လက်လာတဲ့ အရည်ကြည်လေးတေ‌ွက ပိုပြီးဖိတ်ဖိတ်
တောက်လာတာမို့ Chanyeol ကပဲပျာပျာသလဲ
ဖြစ်ရပြန်သည်။ ဒီလူသားလေး စိတ်ညစ် ၀မ်းနည်းနေတာကို တကယ်ပင် မလိုချင်....

အရယ်အပြုံးတို့ကသာ ပုံသေ ရှိစေချင်တာ..တစ်
ခုတည်းသော အတ္တပင်ဖြစ်တော့သည်။

"ရန်ဖြစ်လာပြန်ပြီလား?"

ခေါင်းညိမ့်ပြလာတာမို့ Chanyeol ပြုံးကာ ပါး
ပြင်နုနုလေးနှစ်ဖက်ကို လက်မထိပ်လေးနှင့်တို့ထိ
နေလိုက်ရင်း...

"Baekhyunee က ၀မ်းမနည်းရဘူးလေ !ဒီရင်
ဘတ်သေးသေးလေးက မနာဘူးလား?"

"နာတာထက်တောင် ပိုဆိုးသေးတယ် !တစ်ကိုယ်
လုံး နတ်ပူးသလိုတောင် တုန်တယ် Chanyeol
ရာ"

"လူလေးသေးသလောက် ဒေါသက ကြီးတာကိုး..
ဒေါသလေးကိုလျှော့ ဘာဖြစ်တာလဲ ငါ့ကို အေး
ဆေးပြောပြ ဟုတ်ပြီလား ? ဘာစားခဲ့ပြီးပြီလဲ အခု "

"ဟင့်အင်း !"

ငိုချင်တာကို မငိုမိအောင် ထိန်းတော့ နှာရည်လေး
တွေက တရှုံ့ရှုံ့ဖြစ်‌နေတာမို့ ကားပေါ်တက်စေလိုက်ကာ တစ်ရှူးစ တို့နဲ့ တို့ထိ၍ သုတ်ပေးလိုက် မိသည်။ နှာခေါင်းလုံးလုံး၏ ထိတ်ပိုင်း
တို့က နီရဲနေတာမို့ အူယားစွာ ဖိနမ်းလိုက်တော့
Baekhyun က ဂြိုလ်ကြည့် ကြည့်လာသည်။

Byun Bird (Complete) Where stories live. Discover now