"Byun Baekhyun !!! ထစမ်း အခု ထ သေနာ
ကောင် ဘယ်အချိန်ထိ နင်သေနေမှာလဲ ဟမ် နေ
ဖင်ထိုးနေပြီ..ဘယ်မှာလဲ မနက်စာ !!"ခုနှစ်အဆုံးရဲ့ ရာသီဥတုတစ်ခုက အသဲခိုက်အောင်ကြိုဆို နေတာမို့စောင်ပုံထံသို့ကိုယ်လုံး
သေးသေးလေးကို နွေးနှိင်သမျှ နွေးအောင်
ဝင်၍ ကွေးအိပ်နေရခြင်းဖြစ်သည်။ သို့သော် အ
ရမ်းအိပ်ပျော်နေတာတောင် ချက်ချင်းလန့်နိုးသွား ရလောက်အောင်မိထွေးဖြစ်သူ၏ အသံက
ဖျက်ဆီးပစ်သည်။အိပ်ပျော်နေသေးလား?
ဘာလား မသဲကွဲအောင် မျက်လုံးတွေက ဖွင့်မရ.
မိထွေးက စောင်ကို အဆုံးထိ ဆွဲချလိက်တာကြောင့်အေးစိမ့်မှုကတစ်ကိုယ်လုံး ကိုလွှမ်းခြုံလာသည်။
ငေါက်ခနဲ ထထိုင်လိုက်တော့ ပျော့အီ
သော အညိုရောင် ဆံပင်အုပ်အုပ်တို့က မျက်လုံး
နဲ့ နဖူးပေါ်ဖွားခန်...။"ဟဲ့ !!ငါပြောတာကြားလား?? အမယ်လေး ဘာ
မှသုံးစားမရဘူး...လာနိူးမှ ထတယ်...ဘာမှ ခိုင်း
စားလို့ကမရ ...သွား မျက်နှာမြန်မြန်သွားသစ်ပြီး
မနက်စာ ပြင်စမ်း !! နင် အဲ့ဒါမပြီးမချင်းကျောင်း
မသွားရဘူး !!"ကျောင်း...ကျောင်း ဆိုလို့ ဘယ်နှစ်နာရီရှိနေပြီလဲဖုန်းမှ နာရီကို ဖွင့်ကြည့်လိုက်တော့ ခုနှစ်နာ
ရီကျော်နေချေပြီ. ..ရှစ်နာရီဆို ကျောင်းတက်ပြီ.... ဘက်စ် ကားက
ကြာဦးမှာနဲ့ဆို မနက်စာ ပြင်ဆင်နေဖို့ အချိန်
လုံး၀ မရှိတော့ပါ...."အန်တီက အိမ်မှာ အားပြီးကျန်ခဲ့မှာပဲ....အန်တီ
ကိုယ့်ဘာသာ ပြင်စား လိုက်ပါလား??ကျွန်တော်
မမှီတော့ဘူး ကျောင်းနောက်ကျလိမ့်မယ် !!"Baekhyun ကုတင်ပေါ်က ထကာ စောင်တွေကို
ခေါက်ရန်ပြင်နေသည်။"နင့်ဟာနင် ကျောင်းနောက်ကျတာ ငါက ဘာလုပ်
ရမှာလဲ ? Kelvin က မစားလို့ မဖြစ်ဘူးလေ !!
ငါပြောပြီနော်..အခုသွား ပြင် သွား !!"ပြောရင်းနဲ့ပင် ပုခုံးတွေကို တွန်းတိုက်ပြီး အော်ပြောနေတာကြောင့် အိပ်ချင်မူးတူးဖြစ်နေရင်းမှ
ပင် Baekhyun စိတ်ရှုပ်လာတာမို့ မျက်နှာသစ်
သွားပြီး ကျောင်း ယူနီဖောင်းကို တစ်ခါထဲ လဲပစ်
လိုက်သည်။ မျက်နှာလဲမသုတ် ခေါင်းလဲ မဖြီး
နိူင်ဘဲ လွယ်အိတ်ကို ဆွဲယူ လိုက်တော့ နားထင်
စောင်းထက် လက်ဝါးတစ်ချက်က ကျရောက်
လာတာမို့ မိုက်ခနဲ ဖြစ်သွားကာ နံဘေးရှိ နံရံဆီ
လက်ထောက်ထားလိုက်ရသည်။

VOUS LISEZ
Byun Bird (Complete)
FanfictionByun မည်သောငှက်ကလေးတစ်ကောင်၏လွပ်လပ်ခွင့်ကိုဖန်တီးပေး သောသူက ဘာများဖြစ်မလဲ ? Byun မည်သောငှက်ကလေးတစ်ကောင်၏လွပ်လပ်ခွင့်ကိုဖန်တီးပေး သောသူက ဘာများဖြစ်မလဲ ? Coverby@byunasunaparkBy00