14

1K 136 6
                                        


"အင်း..ဟင်း "

အသိနဲ့ သတိကပ်လာတဲ့ အချိန်မှာ ခံစားရတဲ့ဝေ
ဒနာက မသက်သာလှ....မျက်နှာနဲ့ ထိတွေ့နေရ
တဲ့ မာကျောကျော အရာကြီးကိုက သက်တောင့်
သက်သာမရှိလှပါ...

တစ်ကိုယ်လုံးကိုက်ခဲနေသလိုခံစားရပြီး နှာခေါင်း
အတွင်းမှ လေပူတွေ ထွက်နေသည်။ မျက်လုံးတွေဖွင့်ဖို့ကို မနည်းအားယူလိုက်ရသည်။

"ကောင်လေး !ကျောင်းသားလေး နိူးပြီလား "

"ယက်ခတ်ပေး ယက်ခတ်ပေး !!"

နားထဲမှာကြားနေရတဲ့ ဆူညံသံတွေကြောင့် ဦး
နှောက်က မြန်မြန်ဆန်ဆန် အလုပ်လုပ်လာသည်။
ဖြစ်ခဲ့တာတွေ အားလုံးခေါင်းထဲ စီစီရီရီပေါ်လာ
တဲ့အချိန်မှာတော့ Baekhyun ငေါက်ခနဲ ထထိုင်
မိသွားသည်။

"ရထား !ရထား ရော !!"

"ရထားက သွားပြီလေ !မင်း မေ့နေတာတောင်
တစ်နာရီ နီးပါးရှိသွားပြီ !!"

"ဟင် !"

"ကျောင်းသားလေး !မင်းအရမ်းပင်ပန်းနေပုံပေါ်
တယ် !ပြန်ပြီး အနားယူသင့်လိုက်ပါလား !!"

"ကျွန်တော်က !!ကျွန်တော်က ဘယ်ကိုပြန်ရမှာ
လဲ ??"

Baekhyun တိုးတိုးရေရွတ်ပြီး ခေါင်းကိုငုံ့ချထား
မိသည်။ ခေါင်းတွေမူးလာတာကြောင့် Baekhyun ငြိမ်ငြိမ်‌‌ လေး နေ နေရသည်။

"ဦးတို့က ဒီမှာ ဈေးလာရောင်းတာ ! ခဏနေပြန်ကြတော့မှာ မင်းလဲ ပြန်တော့ !!"

"ဟုတ်ကဲ့ !"

Baekhyun ခေါင်းငြိမ့်ပြလိုက်ပေမယ့် ထိုနေရာ
မှာတင် ဆက်ထိုင်နေဖြစ်သည်။ ခဏအကြာမှာ
ဘူတာရုံတစ်ခုလုံးက လူတွေ ပြန်ကြတော့
Baekhyun တစ်ယောက်သာ ထိုနေရာမှာပဲ ကျန်
ခဲ့သည်။

ညနေ သာမက..ညပိုင်းသို့ရောက်လာခဲ့လဲ Baekhyunကတော့ ထိုနေရာမှာသာ မလှုပ်မယှက်လေးရှိနေဆဲ ဖြစ်သည်။

ခံတွင်းတွေခြောက်နေတာကြောင့် ရေဆာသည်။
မတ်တပ်ထရပ်လိုက်တာနဲ့ ထပ်ပြီးမူးလဲတော့မ
တတ် Baekhyun အားနည်းနေသည်။

အအေးဓာတ်ပိုလာတာ သိသိသာသာ...

တစ်ကိုယ်လုံးလဲ နာတယ်...

Byun Bird (Complete) Tempat cerita menjadi hidup. Temukan sekarang