နံရံကို မှီကာ ဒူးနှစ်ဖက်ပေါ် လက်လေးတွေတင်
ပြီး မလှုပ်မယှက်လေးရှိနေတဲ့ Baekhyun ပုံစံ
လေးက မြင်ရသူအဖို့ ရင်ထဲ မကောင်းနိူင်သလို
Chanyeol အတွက် စိုးရိမ်ရလွန်းလို့Baekhyun
အဖေနာရေးမှာ ကိုယ်က စိတ်ရော လူရော ပိုပင်
ပန်းနေရသည်။ အားတိုင်း တရှုံ့ရှုံ့ထငိုနေတော့
တာမို့ Baekhyun အနားကကို သိပ်မခွာရဲ....Baekhyun ပင်ပန်းသလောက် Chanyeol ပါပင်
ပန်းနေရတော့သည်။လာသမျှ လူကိုလဲ လုံး၀ ဧည့်မခံဘဲ အဲ့နေရာမှာပဲ ငုတ်တုတ်လေးရှိနေဆဲ
ဖြစ်သည်။"တစ်ခုခုတော့စားမှ ဖြစ်မှာပေါ့ Baekhyunee ရ
စိတ်ကပင်ပန်းရတဲ့အထဲ အစားပါ မစားရင် နေမ
ကောင်း ဖြစ်သွားတော့မှာ !!"Chanyeol စကားကို ကြားရဲ့လားတောင် မသိတဲ့
Baekhyun ကသူ့အ ဖေဓာတ်ပုံကိုပဲ မော့ကြည့်
နေရှာသည်။"Chanyeol !"
"ဟင်..!"
"ငါ့ အဖေကလေ !!ငါ့ကိုဆို တအား ရိုက်တာ သိ
လား? Kelvin ကိုလက်နဲ့တောင်မရွယ်ဖူးပေမယ့်
ငါ့အပေါ်ဆို...အပြောအဆိုက အစ အရမ်းကြမ်း
တာ...!"အဖျားသတ်မှာတုန်၀င်သွားတဲ့ အသံလေးကြောင့် ပုခုံးကို ထိန်း၍ ဖက်လိုက်ပေမယ့်...ဒီနှစ်
သိမ့်မူက အရာ ထင်ပုံမရဘူး...Baekhyun ငိုရှိုက်လာပြန်သည်။
"ဒါ..ဒါပေမယ့် ငါ..မုန့်ဖိုးလိုလို့ တောင်းရင် ပေးတဲ့
အဖေက ...မရှိတော့ဘူး...အဟင့်...ငါ့အဖေ မရှိ
တော့ဘူး !!ဟင့်..!""Baekhyunee !!"
"ငါ့မှာ အမေလဲ မရှိတော့ဘူး ! အဖေလဲ မရှိတော့
ပြန်ဘူး !!အဟင့် !ငါကြောက်တယ် Chanyeol"အမေဆုံးပြီး လေးနှစ်လောက်အကြာမှာအဖေ
က နောက်မိန်းမယူခဲ့လေသည်။ မိထွေးမှာ Baekhyun ထက်ကြီးတဲ့ သားတစ်ယောက်ပါလာ ခဲ့ပြီး Kelvin ဖြစ်သည်။ Kelvin က ဘယ်
တုန်းအခါမှ အစ်ကိုမပီသခဲ့ဖူးသလို မိထွေးဖြစ်သူကလဲ ဘယ်တုန်းအခါကမှ အမေမပီသခဲ့ပါ...
အဖေရတဲ့ လုပ်အားခတွေက မိထွေးဖြစ်သူ၏
သိသာစွာဘက်လိုက်မူကြောင့် ကျောင်းမှာKelvinက သူဌေးသားလိုနေနိူင်ပြီး မျက်နှာ
ပွင့်သည်။Baekhyun ကတော့ အောက်ကျို့တတ်တဲ့စိတ်လဲ မရှိသလို ပုံစံကိုက တစ်ခြားသူ
တွေနဲ့ တန်းတူ မနေနိူင်တာမို့ အနိူင်ကျင့်တာခံရ
သည်။

YOU ARE READING
Byun Bird (Complete)
FanfictionByun မည်သောငှက်ကလေးတစ်ကောင်၏လွပ်လပ်ခွင့်ကိုဖန်တီးပေး သောသူက ဘာများဖြစ်မလဲ ? Byun မည်သောငှက်ကလေးတစ်ကောင်၏လွပ်လပ်ခွင့်ကိုဖန်တီးပေး သောသူက ဘာများဖြစ်မလဲ ? Coverby@byunasunaparkBy00