“အား..ဒါက ဘယ်နေရာလဲ”
သူမရောက်နေသော နေရာကမှောင်မဲနေသော အခန်းတစ်ခုထဲက အေးစက်စက်အိပ်ရာတစ်ခုပေါ်မှာပင်။
“ဇာတ်ကြောင်းပြောပါတော့မယ်”
“အင်း”
“အခု hostဝင်နေတဲ့ ခန္ဓာကိုယ်က အရံဇာတ်ကောင်တစ်ယောက်ရဲ့ ကိုယ်ထဲကိုပါ။ သူမက ဗီလိန်ရဲ့ပထမဇနီးပါ။ အခုက ဗီလိန်ဘက်ကနေ ကွာရှင်းဖို့ပြောလာတာကြောင့် စိတ်ထိခိုက်ပြီး ထပ်ခိုးအခန်းထဲမှာ တစ်ယောက်ထဲလာငိုနေတာပါ။”
“သူတို့က ဘာလို့ကွာရှင်းကြမှာလဲ”
“Hostဝင်နေတဲ့ ကိုယ်ရဲ့မူလပိုင်ရှင်နာမည်က ယီရှင်းရှင်းပါ။ hostနဲ့နာမည်အတူတူပဲ။ သူမတို့က ငယ်ချစ်တွေပါ။ သူတို့လက်ထပ်တာ 3နှစ်ကြာသွားတဲ့အထိ ကလေးတျောက်မှ မရသေးလို့ ဆေးသွားစစ်တာ ဗီလိန်က မြုံနေတာလေ. ဒါကို ယီရှင်းရှင်းက သူမယောကျာ်းသိရင် စိတ်ထိခိုက်မှာစိုးလို့ သူမမှာ ပြဿနာရှိနေတာလို့ လိမ်လိုက်တာ. ဗီလိန်က နောက်တစ်ယောက်ရှာပြီး သူမကို ကွာရှင်းဖို့ပြောလာတယ်လေ။ ဒါပေမဲ့ သူမက တွယ်ကပ်နေတော့ တျောက်တည်းပစ်ထားခဲ့တာ”
“Oh..ဇာတ်လမ်းကတော့ စိတ်ဝင်စားစရာလေးပဲ. နောက်တော့ကော”
“ဗီလိန်ယူလိုက်တဲ့နောက်ထပ်မိန်းမက ဒီကမ္ဘာရဲ့ဇာတ်လိုက်မပါ။ သူမက ဗီလိန်ရဲ့ဥစ္စာတွေကြောင့် လက်ထပ်ခဲ့တာ။ ဒါပေမဲ့ ဗီလိန်ရဲ့အရင်မိန်းမက မြုံနေတယ်လို့သိတော့ သူမက ဗီလိန်အနားကို ကပ်ပြီး ကိုယ်ဝန်ရှိလာအောင် အရင်ဖန်တီးတာပါ။ ”
“သူမ ကိုယ်ဝန်ရသွားလား”
“အင်း။ ဒါပေမဲ့ ဗီလိန်ရဲ့ကလေးတော့ မဟုတ်ဘူး။ ဗီလိန့်ညီရဲ့ကလေး။ သူတို့နှစ်ယောက်က ဗီလိန်နောက်ကွယ်မှာဖြစ်နေကြတာ။ နောက်ပိုင်း ဗီလိန်တို့စီးပွါးပျက်သွားတော့ ဇာတ်လိုက်အနားကပ်ပြီး သနားစရာပုံရိပ်လေးတွေချပြတာ ဇာတ်လိုက်က သနားပြီးနောက်တော့ ချစ်မိသွားတယ်လေ။ အဲဒီတော့ happy endingလေးဖြစ်သွားတာပေါ့”
"ဒါဆို ငါကရော”
"ယီရှင်းရှင်းကတော့ ဗီလိန်နဲ့ကွာရှင်းလိုက်ကတည်းက ရင်ကွဲနာကျပြီး နေမကောင်းတွေဖြစ်။ နောက်ဆုံး ဗီလိန်က အကြောင်းစုံသိသွားပြီး လာရှာတဲ့အချိန်မှာ ဆုံးသွားတာပါ”