#Uni
"ဒယ်ဒီ...သား မန္တလေးကို ကျောင်းပြောင်းမလို့"
"ဘယ်လို သား....ဒီမှာကျောင်းတက်ရတာ အဆင်မပြေလို့လား"
"အဆင်မပြေလို့တော့ မဟုတ်ပါဘူး....ဇက နိုင်ငံခြားမှာ ကျောင်းပြောင်းတက်ရမှာတဲ့လေ...အဲ့တော့ သားက ဒီမှာတစ်ယောက်ထဲမလို့....."
"သားက မန္တလေးမှာရော သူငယ်ချင်းရှိလို့လား"
"ဟုတ် ဒယ်ဒီ သား ဂိမ်းဆော့ရင်း ခင်တဲ့ကောင်မလေးတစ်ယောက်ရှိတယ်...သူက သားနဲ့လည်း major တူတယ် year လည်းတူတယ်....."
"ကောင်မလေးဆိုတော့ သားရည်းစားလား"
"ဟား....ဒယ်ဒီကတော့ နောက်ပီ သားက gay ဆိုတာ come out လုပ်ထားတာနော်..."
"သားက come out လုပ်ထားလို့သာ သားအခုချိန်ထိ ကောင်လေးလည်းမတွဲတော့ ဒယ်ဒီက မယုံသေးဘူး"
"အဲ့ဒါကတော့ သားကိုရင်ခုန်အောင်လုပ်နိုင်တဲ့သူ မရှိသေးလို့ပါ"
"ဟုတ်ပါပီကွာ....သား ကျောင်းပြောင်းဖို့ ဒယ်ဒီ ဘာလုပ်ပေးရအုံးမလည်း"
"လုပ်ပေးစရာ မလိုတော့ဘူး ဒယ်ဒီ သားအကုန်လုပ်ပီးပီ ဟိုမှာကျောင်းအပ်ဖို့ကလည်း ယွန်းက လုပ်ပေးထားတယ်"
"ဟား......သားက အကုန်စီစဉ်ပီးပီပဲ"
"စီစဉ်ပီးမှ ပြောတယ်ဆိုတာက ဒယ်ဒီပင်ပန်းမှာဆိုးလို့ နောက်ပီး ဒယ်ဒီက ခွင့်ပြုမယ်ဆိုတာ သိလို့ တစ်ခုတော့ ဒယ်ဒီ လုပ်ပေးရမှာ ရှိတယ်"
"ဘာများလည်း"
"ဟိုမှာ သားနေဖို့ ခြံတစ်ခြံ စီစဉ်ပေးပါနော် ခြံက အကျယ်ကြီးလည်း မဟုတ်ဘူးနော် ဒယ်ဒီ တစ်ထပ်တိုက်လေးနဲ့ပဲ ပီးတော့ ဆိုင်ကယ် click တစ်စီး စီစဉ်ပေးပါ"
"ဖြစ်စေရမယ် သား...ဒါပေမဲ့ သား စားဖို့သောက်ဖို့အတွက် ဖိုးလုံးကို ခေါ်သွားရမယ်"
"ဟုတ်ကဲ့ ဒယ်ဒီ"
"ကားရော ယူမသွားဘူးလား"
"ယူသွားမှာ ဒယ်ဒီ မန္တလေးကို အိမ်က ကားနဲ့ပဲ သွားမှာ "
"ဘယ်နေ့ သွားမှာလည်း သား"
YOU ARE READING
One & Only [Completed]