Ep-7(Unicode)

22.4K 2.4K 146
                                    








နောက်ရက်သူပြောတဲ့ ဘလွိုင်ဆိုတဲ့ လူဆီကိုရောက်တော့ ပို့ပြီးတာနဲ့ ညနေ ပြန်လာခေါ်မယ်ဆိုကာ ထွက်သွားသည်။ စခန်းနဲ့ နည်းနည်းလှမ်းပြီး စမ်းချောင်းရဲ့ဘေးက တစ်ခုတည်းသော တဲအိမ်လေးဖြစ်တဲ့အပြင် စံပိုင် မသိတဲ့ အရွက်တွေ အမြစ်တွေအစုံရှိနေသည်။ ခန့်မှန်းမိသလောက်တော့ ဆေးဝါးတွေဖြစ်မည်။

ဘလွိုင်က အသက် (၆၀)နီးပါး အဖိုးတစ်ယောက်ဖြစ်သော်လည်း အမြင်အာရုံကောင်းသည့်အပြင် လုပ်နိုင်ကိုင်နိုင်သွက်လက်လှသည်။မြန်မာစကားကို အနည်းအကျဉ်းသာ ပြောတတ်ပြီး တဘက်တစ်ထည်ကို အမြဲခေါင်းပေါင်းထားလေ့ရှိသည်။

စံပိုင်ရဲ့ အလုပ်က ခြင်းတောင်းထဲမှ ဆေးရွက်အစုံကို အမျိုးအစားပုံစံတူတွေ ပြန်ခွဲပေးရခြင်းဖြစ်ပြီး သူပြောသလို သစ်လုံးသယ်ရတာနဲ့ လုံးဝ မဆိုင်လောက်အောင် သက်သာသည်။ဟိုဟာနည်းနည်း၊ ဒီဟာနည်းနည်း တကုပ်ကုပ် လုပ်နေရင်း တစ်နေ့တာ ကုန်ဆုံးပြန်၏။

ညနေ နေရောင် ပျောက်တဲ့အချိန်မှ တဲအရှေ့မှာ သူရောက်လာပြီး စံပိုင်ကို လာခေါ်သည်။အေးနေတဲ့ ရာသီဥတုဆိုသော်လည်း အင်္ကျီလက်တိုနဲ့သာ သူ့ကိုယ်မှ ကပ်ညိနေတဲ့ သစ်သားစ မှုန်တွေကိုခါကာ မှုန်ကုပ်ကုပ်မျက်နှာထားက ထိုအမှုန်တွေဖြင့် ယားယံနေသည့်ပုံ။အဘကို နှုတ်ဆက်ပြီးတာနဲ့ မနက်က ပါလာတဲ့ ရေလဲ ပုဆိုးကို ယူကာ ထွက်လာတော့ တွန့်ချိုးထားတဲ့​မျက်ခုံးတန်းပြေကာ စံပိုင်ကို ပြောလာသည်။

"စမ်းချောင်းဘက် ခဏ ဝင်အုံးမယ် "

"အင်း"

စံပိုင် ခေါင်းညိတ်ပြပြီးသူ့အနောက်လိုက်လာတော့ စမ်းချောင်းနားကိုရောက်တဲ့အခါ အင်္ကျီတွေချွတ်နေတာကြောင့်

"အခုမှ ရေချိုးမှာလား"

အပေါ်ထပ် ဝတ်ထားတာတောင် စိမ့်ကာချမ်းနေသည်မို့ စံပိုင် ကိုယ်ကို ကျုံ့ကာမေးလိုက်တော့သူကခေါင်းသာ ညိတ်ပြသည်။နေ့လည်က လာချိုးတာတောင် ရေတွေက အေးနေတာ အခုအချိန်ဆို ရေခဲရေလိုဖြစ်နေမှာ။

"ဘာစားပြီးပြီလဲ "

"အဘက ကောင်ညင်းပေါင်းကျွေးတယ် "

တုံးခုလို့လှမ်းWhere stories live. Discover now