Ep-1(Unicode)

47.1K 3K 64
                                    








မြူနှင်းတွေကြား ထိုးခွင်းကာ တောင်းကြားလမ်းအတိုင်းမောင်းနှင်လာသော ကားတစ်စီး။ တိတ်ဆိတ်နေသော ပတ်ဝန်းကျင်မှာ ကားစက်သံတစ်ခုသာကြားနေရပြီး ခရီးသည်များ ငိုက်မျဉ်းနေသည်။ထိုအချိန် ကျယ်လောင်လှသော သေနတ်သံတစ်ချက်က ကောင်းကင်ကိုထိုးခွင်းပြီး တောင်ရံတွေကြား ပဲ့တင်ထပ်ကာ ပျံ့လွင့်လာ၏။

"ကိုး(န်)ထိန်(န်) တွေဟေ့ !"

"ဒုက္ခပါပဲ ဘယ်လိုလုပ်ကြမလဲ "

ယိမ်းထိုးသွားတဲ့ ခန္ဓာကိုယ်နဲ့အတူ ကားပေါ်ကလူတွေရဲ့အထိတ်တစ်လန့်အော်သံတွေ။ ငိုက်မျဉ်းနေသော မျက်ဝန်းတို့​က အမြင်အာရုံရှင်းလင်းအောင်အထိ ပြူးကျယ်လာပြီး အရှိန်ပိုမြန်လာသော ကားက ဘာကို ကြောက်လန့်၍ တရကြမ်းမောင်းနေလဲဆိုတာသူမသိပါ။

"ရပ်မပေးနဲ့ မြန်မြန်မောင်း"

"ဟာကွာ ! သေကုန်တော့မှာပဲ ကားဆရာ အရှိန်လျော့အုံး!"

တစ်ယောက်တစ်ပေါက်ထွက်​နေသော ခပ်ဝဲဝဲ အသံတွေကို သေချာနားမလည်။ကားဆရာက မြန်မာမို့ ကိုယ်သိတဲ့ စကားကို အော်နေကြသော်လည်း သဘောမပေါက်နိုင်ဖြစ်နေသည်။

"ကိုထွေး ဘာတွေဖြစ်နေတာလဲ "

ထိုင်ခုံကို သေချာကိုင်ထားပြီး ဘေးနားမှ ရွာခံ ကိုထွေးကိုမေးလိုက်သည်။ စိုးရိမ်စိတ်ကြီးစွာ ချွေးပြန်နေသော ကိုထွေးမှ

"ကျုပ်တို့စီးလာတဲ့ ကားကို သူပုန်တွေတားနေလို့ဗျို့..... ဆရာလေး "

"ဗျာ ... စောစောက အော်လိုက်တဲ့ကိုးထိန်ဆိုတာ သူပုန်ကိုပြောတာလား"

"ကိုး(န်)ထိန်(န်​)ရော ကိုး(န်)လွိုင်ရော ဖြစ်နိုင်တယ်"

"ဘာပြောတာတုန်း နားမလည်ဘူးဗျ"

" ကိုး(န်)လွိုင်က တောတောင်ထဲမှာ နေတဲ့သူတွေကိုခေါ်တာ ....သူပုန်သော ဘာသော အတိအကျ မသိပေမဲ့ ကျုပ်တို့ ကြောက်ရတယ်"

ပိုမို ယိုင်လာသော ကားကြောင့် ရင်ဘတ်နားမှာ လွယ်အိတ်ကြိုးကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ထားမိသည်။မယ်မယ်တို့ တားတဲ့ကြားက ဝါသနာကို အရင်းခံပြီး အခုလို တာဝန်ကျရာကို လာရင်း စာမသင်ရသေးခင် အသက်ပျောက်ရတော့မှာလားမသိ။ကြားဖူးနားဝရှိသော စကားတို့အရ သူတို့လက်ထဲမှာ အသက်ရှင်ဖို့ လမ်းမမြင်နိုင်။တစ်ကားလုံးပါလာတဲ့ လူတွေ ကြောက်လန့်နေတာမြင်လေ စိုးရိမ်စိတ်တို့ ပိုတိုးလာလေဖြစ်သည်။

တုံးခုလို့လှမ်းWhere stories live. Discover now