Ep-22(Unicode)

14.2K 1.6K 71
                                    




စံပိုင် အိပ်ယာနိုးလာချိန် မနက်ခင်း
တိုင်း ခွန်ဆေ(လ်)ကို မြင်ဖို့ ခဲယဉ်းသည်။ မနက်နေရောင်မကျခင်ကတည်းက အလုပ်ရှုပ်နေတတ်တဲ့ ခေါင်းဆာင်ကြောင့် မနက်စာ စားချိန်မှ သူရောက်လာတတ်မြဲ။အခုလည်း မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီးချိန်မှ ခွန်က တဲထဲဝင်လာသည်။

" မနက်စာ စားပြီးပြီလား ခွန်"

စံပိုင် အသံကိုကြားသော်လည် သူမဖြေ ကျောပေးကာ တစ်စုံတစ်ခုပြင်ဆင်နေဟန် လက်ထဲမှာ အထုပ်တစ်ထုပ်ရှိနေသည်။စံပိုင်အနားတိုးသွားလိုက်တော့ လှည့်မကြည့်ဘဲ လက်ပြန်လှမ်းပေးလိုက်သော အထုပ်က စံပိုင်ရဲ့ လွယ်အိတ်နဲ့ အတူ ပါလာခဲ့သော အ၀တ်အိတ်ဖြစ်သည်။စောစော သူကောက်ထည့်နေတာ စံပိုင် အ၀တ်စားတွေ။ရုတ်တရက် ဒီအခြေအနေမှာ အကြောင်းပြချက်ကို စံပိုင်မေးလိုက်ဖို့ ရွယ်တုန်း ခွန်ဆေ(လ်)မှ ဦးစွာ

"ထွက်သွားတော့"

ထွက်ပေါ်လာသော ဘာသာစကားက ခပ်ဝဲဝဲဆိုသော်လည်း အဓိပ္ပါယ်ကတော့ ပြတ်သားတိကျနေသည်။မျက်နှာလွှဲကာ ပြောလိုက်တဲ့ သူ့နောက်ကျောပြင်ကို နားမလည်နိုင်စွာ ကြည့်နေရင်း။

"မင်း ဘာပြောလိုက်တာလဲ"

"ငါ မြန်မာလို ပြောလိုက်တာလေ ။ မင်းနားမလည်ဘူးလား။ အခုငါ့ရှေ့ကနေမကဘူး ငါ့နယ်မြေထဲကပါ အပြီးတိုင်ထွက်သွား ဘယ်တော့မှ ပြန်မလာခဲ့နဲ့ "

"ခွန်....!"

အလန့်တကြား ရေရွတ်လိုက်တဲ့ သူ့အမည်နာမ်မ​ကြောင့် မတ်ခနဲဖြစ်သွားတဲ့ ကိုယ်ကိုမြင်နေရသည်။မျက်နှာချင်းဆိုင် ဖြစ်အောင် သူ့အရှေ့တည့်တည့်မှာ သွားရပ်လိုက်တော့ အကြည့်လွှဲသွားတဲ့ မျက်ဝန်းပြာတွေဟာ စံပိုင်ထံရှိမနေပါ။ဘာကြောင့် ဒီလို ရင့်ရင့်သီးသီးတွေ ပြောဆိုနေရတာလဲ။

"ငါ့မျက်လုံး ကို တည့်တည့်ကြည့်ပြီးပြော....ငါ့နဲ့မျက်နှာချင်းဆိုင်ပြီးမှ မင်းပြောကြည့်စမ်းပါ ခွန်"

နောက်ဆုံး အကြိမ်အဖြစ် အရဲစွန့်စွာ စိန်ခေါ်လိုက်မိသည်။သူအပေါ် ယုံကြည့်နေတဲ့ စိတ်က တဖြည်းဖြည်း လှည့်ကြည့်လာသော မျက်ဝန်းတွေကြောင့် ပြိုလဲကျတော့မည်။စူးစိုက်ကြည့်လာတဲ့ အပြာရောင် မျက်လုံးတွေက တဒုန်းဒုန်းခုန်နေတဲ့ စံပိုင် ရင်ခုန်သံတွေကို သေမိန့်ချနေသလို။

တုံးခုလို့လှမ်းWhere stories live. Discover now