Ep-6(Unicode)

23.2K 2.5K 150
                                    







စံပိုင် နိုးလာတော့ အရင်ရက်တွေနဲ့ မတူဘဲ နွေးထွေးတဲ့ခံစားချက်ကို ရနေသည်။ ကျောပြင်အောက်ကလည်း မနာသလို ကောက်ရိုးတွေရဲ့ ယားယံမှုလည်းမရှိ။

မျက်လုံးဖွင့်ကြည့်တော့ ကိုယ်ပေါ်မှာ ခြုံလွှားထားတဲ့စောင်နဲ့ သက်ကယ်မိုးမဟုတ်တဲ့ခေါင်ကြောင့် တဲအိမ်ထဲမှာမဟုတ်ဘူးဆိုတာသိလိုက်ရသည်။ ဘေးဘီကိုလှည့်ကြည့်လိုက်တော့ ဂုတ်ပိုးက ဆစ်ခနဲ။လက်နဲ့ဖိကာ ဟိုလူကို ကျိန်ဆဲနေရင်း တစ်ပြိုင်နက်တည်း မနေ့ညက အဖြစ်အပျက်ဟာ မျက်လုံးထဲ တစ်ကွက်ချင်းစီပြန်ပေါ်လာပြန်သည်။

သက်ပြင်းတစ်ချက်ချကာ ထထိုင်လိုက်တော့ ခပ်လှမ်းလှမ်းမှ စံပိုင်ကို ကျောပေးကာထိုင်နေသော ပုံရိပ်တစ်ခု။မီးဖိုထဲ ဒုတ်တစ်ချောင်းနဲ့ထိုးမွှေနေသော ထိုလူဟာ မမြင်ချင်ဆုံး မျက်နှာပိုင်ရှင်ဆိုတာ အနောက်မှ တိုတိတိဆံပင်တွေမြင်တာနဲ့သိနေသည်။

စံပိုင်လှုပ်ရှားမှုကို အသံမမြည်စေနိုင်တာက ကြမ်းခင်းအောက်မှာ အခင်းများစွာရှိနေသောကြောင့် ဖြစ်မည်။ခြုံထားတဲ့​စောင်ကိုဖယ်ကာ ထလိုက်ပြီး ခုတင်ဘေးက သစ်သားထိုင်ခုံကို ကောက်ယူလိုက်သည်။ထို့နောက်မီးဖိုနားက ကျောပေးထိုင်နေသော သူနားသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်လျက်။

င့ါကို လွတ်မပေးရင် မင်းလည်း ဒီအတိုင်းနေရမယ် မထင်နဲ့ ။

စိတ်ထဲက ပြောရင်း အားကုန်လွှဲရိုက်ရန် ခုံကို အပေါ်မြှောက်ကာရွယ်လိုက်ချိန်

"နိုးပြီလား"

"....."

လှည့်မကြည့်ဘဲ ပြောတဲ့ သူ့အသံခပ်ဝဲဝဲကြောင့် ရိုက်မယ့် လက်က တွန့်သွားသည်။ သို့သော် မထူးဇာတ်ခင်းရန် မျက်လုံးကို အတင်းမှိတ်လိုက်ပြီး သူ့ကျောပေါ်ကို လွှဲရိုက်ချလိုက်သည်။

အရှိန်ဖြင့်ကျသံ ထွက်ပေါ်လာပြီးမှ စံပိုင်ရဲ့မျက်လုံးဖွင့်ကြည့်တော့ သစ်သားအပိုင်းအစတချို့နဲ့ ဘေးမှ မတ်တက်ရပ်လျက်ရှိသော ဟိုလူ။

ဘယ်လိုတောင် ရှောင်လိုက်တာလဲဟ။

"အဲ့လောက် အားနဲ့တော့ ငါမသေနိုင်ဘူး"

တုံးခုလို့လှမ်းWhere stories live. Discover now