Ep-24(Unicode)

26.8K 2.1K 143
                                    


စံအိမ်တော်ခြံအရှေ့ဘက်က သစ်ခွပင်တို့ကို ရေလောင်းနေရင်း စံပိုင်စိတ်က လက်ရှိမှာ ရှိမနေ။ သူအဆင်မှ ပြေရဲ့လားဆိုတဲ့ စိုးရိမ်မှုနဲ့အတူ ပြေးတွေ့ချင်တဲ့စိတ်က အတိုင်းထက်လွန်။ အတိုက်အခံလုပ်ပြီးမှ ထွက်လာရတာကို ဒီလိုကြုံထားတော့ နောက်တစ်ကြိမ်အိမ်တော်ကထွက်ဖို့ကို မယ်မယ်က ခွင့်ပြုတော့မည်မဟုတ်။အချိန်တစ်ခုထိ စောင့်နေပြီးမှ သူ့ကိုသွားတွေ့ဖို့ နည်းလမ်းရှာရမည်။ အတူရှိခဲ့ဖူးတာကြောင့် ခွန်ဆာရ်ကို မလွမ်းတဲ့အချိန်ဆိုတာ အသိစိတ်ကင်းလွတ်နေသော အိပ်ချိန်မှသာ ဖြစ်သည်။ဒါတောင် အိပ်မက်ထဲမှာပါနေတာမျိုး။အရမ်းသတိရမိလို့ အကုန်ကျောခိုင်းပြီး သူ့ဆီမှာ နေချင်သော်လည်း မယ်မယ် မျက်ရည်တွေကို စံပိုင်ဘယ်လိုရင်ဆိုင်နိုင်ပါ့မလဲ။

ရေလောင်းတာကိုရပ်ပြီး အိမ်ထဲပြန်ဝင်ဖို့လုပ်တော့ အစေခံကောင်မလေးတစ်ယောက်က ခြံရှေ့မှ သတင်းစာသွားယူလာတာကိုတွေ့လိုက်သည်။ခဏတာ အာရုံပြောင်းမလားလို့တွေးကာ ထိုကောင်မလေးဆီကနေ သတင်းစာတောင်းပြီး သစ်ခွခြံဘေးက နားနေဆောင်မှာဝင်ထိုင်လိုက်သည်။ အရံသင့်ချလာပေးသော သစ်သီးကို ယူစားရင်း ပထမဆုံးသတင်းစာရဲ့ စလုံးကြီးကြီး ထွင်းထားသော ခေါင်းစဉ်ကိုမြင်ခိုက် စံပိုင်လှုပ်ရှားမှုတို့ရပ်တန့်ကာ အသက်တောင်ရှူမိရဲ့လားဆိုတာ မသိ။မယုံကြည်နိုင်လို့ နှစ်ခေါက်ပြန်ဖတ်ကြည့်ပြီးချိန် ချက်ချင်းဆိုသလို ပါးပြင်တို့ ပူနွေးစေသော မျက်ရည်တွေဟာ အဆက်မပြတ်ကျဆင်းလာသည်။

"သိင်္ဂီစံအိမ်မှ ၀န်ကြီးအား ရာထူးတိုးမြင့်ခြင်းနှင့် မြောက်ပိုင်းနယ်မြေ သူပုန်တပ်ဖြိုခွဲခံရခြင်း"
ဆိုတဲ့ ခေါင်းစဉ်ဖြင့် အစချီကာ နယ်မြေတစ်ခုလုံးပြာကျပြီး ခေါင်းဆောင်ခွန်ဆာရ်အား အသေအပျောက်စာရင်းထဲမှာရှိကြောင်း ။ထိုနယ်မြေတစ်ခုလုံးကို ဦးဆောင်သတင်းပေးတဲ့ တိုင်းဝန်ကြီး၏ ညွှန်ကြားချက်နဲ့အတူ အပြီးသတ်ချေမုန်းလိုက်နိုင်ကြောင်း။စသည်တို့ကို အသေးစိတ်ရေးပြထားသော်လည်း စံပိုင် အဆုံးထိ မဖတ်နိုင်။ သတင်းစာကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း မယ်မယ်ရှိရာ အိမ်တော်ထဲသို့ ခြေကြဲကြဲဖြင့် ၀င်သွားလိုက်သည်။

တုံးခုလို့လှမ်းWhere stories live. Discover now