Ep-5(Unicode)

23.2K 2.6K 127
                                    










ခြေသံခပ်ဖွဖွနင်း၍ အရှိန်ကိုလည်း မနှေးစေဘဲ အမြန်ဆုံး စခန်းမှ ဝေးနိုင်သမျှ ဝေးအောင်ပြေးသည်။လူတစ်ကိုယ်လုံး မလှုပ်ချင်၊ မသယ်ချင်သလိုဖြစ်နေပေမယ့် မှတ်ထားသော ကားလမ်းမနေရာနှင့် နီးလာလေ လွတ်မြောက်တော့မယ်လို့ စိတ်က ထင်နေတာကြောင့် စိတ်သွားတိုင်းကိုယ်ပါနေသည်။

ကိုထွေးက ပြေးနေရင်း အနောက်ကို လှည့်ကြည့် ၊လှည့်ကြည့်ဖြင့် စိုးထိတ်နေသော်လည်း စံပိုင်က အရှေ့ကိုသာ အာရုံစိုက်လျက်။နောက်ထပ်ပါလာသော သုံးယောက်မြောက် လူကလည်းထို့နည်းတူစွာပင်။စံပိုင်ထက် ပိုသန်မာပုံရသော ခြေလှမ်းတွေက အရှေ့ကို ပိုရောက်နေသည်။

"ရပ်လိုက်ကြစမ်း!"

ညဉ့်အသံမှာ ဟိန်းထွက်လာသော ခပ်ဝဲဝဲအသံကို ကြားရပြီးနောက် စံပိုင်ရဲ့ခြေလှမ်းတို့ ပိုအရှိန်တင်မိသည်။ထိတ်လန့်နေသော ကိုထွေးက ဘေးနားကနေ ကျော်တက်သွားသည်အထိ လှည့်မကြည့်ရဲ။ လွတ်ခံနီးမှ ပြန်မိသွားလို့မဖြစ်ပေ။

အနောက်မှ ခြေနင်းအသံဟာ စံပိုင်ခြေလှမ်းထက် နှစ်ဆလောက်မြန်ကာ လိုက်လာနေသည်။တဒုန်းဒုန်းခုန်လာတဲ့ ရင်ဘတ်က အလွန်မောဟိုက်လာပြီး မျက်လုံးတွေပါ ပြာဝေလာသလို။

အရှေ့မှ ပြေးနေသော လူနှစ်ယောက်ရဲ့ ပုံရိပ်ဟာ မသဲကွဲတော့ဘဲ စံပိုင်သူတို့နဲ့ ခပ်လှမ်းလှမ်းမှာကျန်နေခဲ့သည်။နောက်ဆုံး အားကုန်သုံး၍ မှီအောင်လိုက်သော်လည်း ခလုတ်ဆူးငြောင့်တို့ပေါများလှသော တောထဲတွင် အမည်မပေါ်ဘဲ အရှေ့ကို ဟက်ထိုးလဲကျလေတော့သည်။

ထိုအချိန် စံပိုင်ရဲ့ လည်ဂုတ်က အင်္ကျီစကို ဆောင့်ဆွဲယူလိုက်သောကြောင့် ကိုးရိုးကားရားဖြင့် မတ်တတ်ရပ်လျက်ပြန်ဖြစ်သွားသည်။မထူးဇာတ်ခင်းကာ လက်ပြန် ရိုက်လိုက်တော့ ကိုယ့်ထက် အရင်လျင်သော သူက လက်ကောက်ဝတ်အားလိမ်ချိုးကာ ကျောပြင်နဲ့ကပ်ထားသည်။ နာနေသော်လည်း အရှေ့မှ မြင်နေရသေးသော ကိုထွေးရဲ့ကျောပြင်ကြောင့် ထပ်ရုန်းကြည့်တော့ လည်ဂုတ်ကိုပါ ဖိထားပြီး

"ငြိမ်ငြိမ်နေစမ်း !ေ-ာက်လုပ်ရှုပ်တဲ့ ကောင်တွေ အဲ့ဒီရှေ့မှာ မိုင်းရှိ ..."

တုံးခုလို့လှမ်းWhere stories live. Discover now