Ep-15(Unicode)

17.3K 1.8K 55
                                    




စိုင်းဟတ် သူ့စခန်းကိုပြန်သွားပြီးနောက်ရက်တွေမှာ ခွန်ဆေ(လ်)ရဲ့စခန်းက ပျင်းစရာကောင်းလောက်အောင် တိတ်ဆိတ်သွားသည်။ရှိနေတုန်းက အမြင်မကြည်ပေမယ့် ပွင့်လင်းပြီး ခင်ဖို့ကောင်းတာတော့ငြင်းမရ။

ခမ်းကို ဘလွိုင်ဆီမှာပဲ ထားပြီး စံပိုင်က သစ်လုံးသယ်တဲ့ဆီပြန်လိုက်သည်။အဲ့ဒီကလေးလည်း စိုင်းဟတ်မရှိကတည်းက တမှိုင်မှိုင်။ သံယောဇဉ်ကြီးတာလည်း မပြောနဲ့ သူက စိုင်းဟတ်နဲ့အနေများတာကို။

"......"

ကိုယ့်အတွေးနဲ့ကိုယ် လျှောက်လာရင်း ပုခုံးပေါ်က သစ်လုံးရဲ့ အလေးချိန်လျော့သွားပြီး ဘေးမှ အရိပ်တစ်ခုအုပ်မိုးလာသည်။သူသယ်ထားတဲ့ သစ်လုံးအပြင် စံပိုင်ဆီကပါ ယူလိုက်တာကြောင့် ပုခုံးနှစ်ဖက်လုံး နေရာပြည့်သွားသည်။ သို့သော် နည်းနည်းလေးမှ ယိုင်သွားခြင်းမရှိဘဲ တည့်မတ်စွာလျှောက်လှမ်းနေဆဲ။

"ရပါတယ် ငါ့ဘာသာ သယ်မယ် "

"သူတို့ မင်းကို မကြည်မှာ စိုးလို့လား"

ခပ်လှမ်းလှမ်းမှ အတူပါလာသူတွေကို လှမ်းကြည့်ကာ စံပိုင် ခေါင်းညိတ်ပြလိုက်တော့

"စောက်ဂရုစိုက်မနေနဲ့ မင်းကိုမကြည်သလို တစ်ချက်ကြည့်ရဲတဲ့ကောင် အဲ့ဒီမျက်လုံးကို ဖောက်ထုတ်ပစ်မယ် "

လေထုထဲမှ အေးစက်စက်ခံစားမှုဖြင့် ကြားရတဲ့ စံပိုင်တောင် ကျောချမ်းသွားသည်။သူ့ပုခုံးပေါ်က သစ်လုံးတစ်ခုကို အတင်းဆွဲယူကာ ထမ်းလိုက်ပြီး မကြည်သလိုတစ်ချက်ကြည့်ရင်း

"ပြောပြန်ပြီလား အဲ့လိုတွေ !"

"အာ .... Sorry "

နိုမ့်ချသွားတဲ့အသံ။နယ်မြေတစ်ခုရဲ့ ခေါင်းဆောင်ကိုဒီလို တားမြစ်တာ မှန်ရဲ့လားမသိပေမယ့် စံပိုင် တားနိုင်နေတာကို ကျေနပ်မိသည်။ဘယ်လောက်ထိ ပတ်သက်ပြီးမှ ဒီအခွင့်အရေးကို ရမယ်ဆိုတာမတွေးတော့ဘဲ ကိုယ်ပြောလိုက်တိုင်း သူလိုက်နာပေးတာကို ကြိုက်သည်။အနိုင်ယူတာမျိုးမဟုတ်ပေမယ့် အေးစက်စက်မျက်နှာထားနဲ့ ထိုမျက်ဝန်းပြာတွေက 'အရာရာမင်းသဘောပဲ'ဆိုတဲ့အလိုလိုက်မှုကြောင့် ရင်ခုန်မိတာတော့အမှန်။

တုံးခုလို့လှမ်းWhere stories live. Discover now