Ending (Zawgyi)

8.8K 358 12
                                    



တိတ်ဆိတ်နေသော အခန်းအတွင်းအမှောင်ရိပ်သာ ကြီးဆိုးနေသည်။နွေလယ်က သစ်ကိုင်းခြောက်ပမာ အသက်ရှင်ဖို့အတွက် အားအင်ကုန်ခမ်းနေသော ခန္ဓာကိုယ်ကိုခုတင်မှာကျောမှီရင်းပြတင်းပေါက်မှတစ်ဆင့်အပြင်ကိုငေးကြည့်မိသည်။အစာကောင်းကောင်းမစားတဲ့ တစ်ပတ်အတွင်း စံပိုင် တော်တော်လေး နေမကောင်းဖြစ်ကာ မယ်မယ်အပါအ၀င် မည်သူ့ကိုမှစကားမပြောဖြစ်။သေဖို့စောင့်နေတဲ့ လူတစ်ယောက်လို သူ့အသိစိတ်တို့ ဗလာနတ္ထိ။

ထိုအချိန် ပြတင်းပေါက်မှတစ်ဆင့်ကျော်ကာ အခန်းထဲဝင်လာသော အရိပ်တစ်ခု။လှုပ်ရှားမှုက မြန်ဆန်ရုံသာမက စံပိုင်အခန်းက စံအိမ်ရဲ့ ဒုတိယထပ်မှာဖြစ်တာကြောင့် ထိုအရိပ်ကိုကြည့်ရင်း မျက်ဆန်တို့ လှုပ်လှုပ်ရှားရှားဖြစ်ကာ

"ဘယ်သူလဲ"

စံပိုင်အမေးကို မဖြေဘဲ အနားတိုးလာတာကြောင့် ခုတင်ပေါ်မှဆင်းဖို့ပြင်သော်လည်း သူက မျက်နှာချင်းဆိုင် ရောက်လာသည်။ အုပ်ထားတဲ့ အနက်ရောင်ပုဝါကို ဖယ်လိုက်ချိန်မှတော့ အမှောင်ထဲက ၀ိုးတ၀ါးမြင်လိုက်ရသော မျက်နှာကြောင့် စံပိုင် မင်သက်သွားပြီး

"ခမ်း!"

"ဟုတ်တယ် ကိုကို ကျွန်တော်ပဲ .... အခု ကိုကိုကို့ လာခေါ်တာ ကျွန်တော်နဲ့ တစ်ခါတည်းလိုက်ခဲ့နော်"

"ခွန်ရော.... ခွန်အသက်ရှင်တယ်မလားဟင်... သူမသေဘူးမလား"

ခမ်းပြောတဲ့ စကားတွေကို မတုံ့ပြန်နိုင် စံပိုင်စိတ်ထဲမှာ အရမ်းသိချင်နေသော သူ့ကိုသာမေးမိသည်။သွေးပျက်သလိုတုန်လှုပ်ကာ မျက်ရည်တွေကျလာတဲ့ စံပိုင်အား ခမ်းက ထိန်းပွေ့ကာ ခုတင်မှာပြန်ထိုင်စေပြီး

"ကိုကို စိတ်အေးအေးထား ...ကိုကို့ရဲ့ ခွန်အသက်ရှင်နေပါတယ်"

"တကယ်လား .... ခမ်း မင်းတကယ်ပြောတာနော်"

"တကယ်"

ထိုအခါမှ စံပိုင်နှုတ်ခမ်းတွင် ခပ်ရေးရေးလေးပြုံးကာ တော်သေးတာပေါ့ ဆိုသည့် စကားကိုသာ ထပ်တလဲလဲရွတ်ပြီး ၀မ်းသာမျက်ရည်ကျပြန်သည်။ခမ်းက စံပိုင်ပခုံးကို အားပေးသလို ဆုပ်ကိုင်ပြီး

တုံးခုလို့လှမ်းWhere stories live. Discover now