Ep-17(Unicode)

16.2K 1.7K 114
                                    



ဝါးကပ်လေးတွေဖြင့် ပြုလုပ်ထားသော ရွာရဲ့ခြံစည်းရိုးထိပ်မှာ တန်ဖိုးကြီး ကားတစ်စီးထိုးရပ်လာသည်။ရွာသူ၊ ရွာသားတွေက အထူးအဆန်းသဖွယ် ထွက်ကြည့်နေရင်း ကားပေါ်က ဆင်းလာသော အမျိုးသမီးတစ်ဦးကြောင့် စိတ်ဝင်စားမှုပိုမြင့်ကုန်သည်။ထိုအမျိုးသမီးရဲ့ အဝတ်အစား အဆင်တန်ဆာကို ကြည့်ရုံဖြင့် အထက်တန်းလွှာဆိုတာ သိသော်လည်း ဒီရွာကို ဘာကြောင့် ရောက်လာတယ် ဆိုတာ မသိပေ။

ပုံတော်ဖိနပ်ရဲ့ ခပ်သွက်သွက်လျှောက်လှမ်းခြင်းမှာ ခြေသံမကြားရ။ မြေနီလမ်းကြောင့် ဖုံမှုန့်ကပ်ခြင်းမရှိဘဲ ပကတိဖြူဖွေးနေတဲ့ ခြေဖမိုးတွေဟာ စာသင်ကျောင်းဆောင်လေးတစ်ခုရှေ့မှာရပ်တန့်သွားသည်။ ဘေးနားအပြေးရောက်လာတဲ့ ရွာသူကြီးက သူ့ကိုတစ်စုံတစ်ခု မေးလို့မေးငြား အရံသင့် ခါးကိုင်းကာရှိနေ၏။သို့သော် ထိုအမျိုးသမီးရဲ့ မေးခွန်းကို ကြားပြီးနောက် ဖြေရခက်ပြီး မျက်နှာပျက်သွားကြတာ တစ်ရွာလုံးနီးပါးပဲ။

ထို့နောက် အလာတုန်းကထက် ပိုသွက်တဲ့ခြေလှမ်းတွေဖြင့် ကားပေါ်တက်ကာ ရွာကို ကျောခိုင်းထွက်ခွာသွားလေသည်။ကားပြင်တင်းပေါက်ကနေ ထင်းရှူးတောကို သူမ ငေးကြည့်နေရင်း ရွာသူကြီးပြောလိုက်တဲ့စကားကို ပြန်ကြားယောင်နေသည်။

"ရွာကနေတာဝန်ယူပြီးသွားခေါ်တဲ့လူရော ဆရာလေးသက်ဦးစံပိုင်ပါ ဒီရွာကိုမရောက်ဘဲ လမ်းတစ်ဝက်မှာတင် လက်နတ်ကိုင်အဖွဲ့တစ်ခုက ခေါ်သွားပါတယ်။မိန်းမနဲ့ ကလေးတြွေပန်လွတ်လိုက်ပေမယ့် သူတို့နှစ်ယောက်က အခုထိ ဘာသတင်းမှမရသေးပါဘူး"တဲ့

မယ်မယ့်ကို ဆန့်ကျင်ပြီး ထွက်သွားတဲ့ သားငယ် ၊ စာလွှာတောင် မပါးနိုင်တာ ဒါ့ကြောင့်ကို။ရွှေလိုဥထားတဲ့ ဒီကလေး တောထဲ ဒုက္ခရောက်နေတော့မှာပဲ။

"ခင်ခင် "

အရှေ့ခန်းက လူယုံကို လှမ်းခေါ်လိုက်တော့ ချက်ချင်းလှည့်လာပြီး ဦးညွှတ်ကာ

"အမိန့်ရှိပါ မယ်မယ် "

"ပြန်တမ်းစာ နှစ်စောင်စီစဉ်ထားလိုက် ... တစ်စောင်က ဒီနယ်တစ်ဝှက်က လက်နက်ကိုင်တွေရဲ့ စာရင်းကို ရဖို့ လွှတ်တော်ကိုပို့ ၊ နောက်တစ်စောင်က တရားခံအတွက် ရာဇသံပေးဖို့ သေချာစီထားလိုက်"

တုံးခုလို့လှမ်းWhere stories live. Discover now