"ငါ့ခြေလှမ်း အရာတိုင်း တစ်ထပ်တည်းလိုက်နင်း"
မိုင်းထောင်ထားသောနေရာတွေကို ရှောင်ကွင်းရင်းအနောက်က ခမ်းကို စိုင်းဟတ်သတိပေးလိုက်သည်။ မီးရောင်မှိန်မှိန်ကို အားပြုပြီး သွားနေရတာကြောင့် လမ်းကြောကို အလွတ်ရနေတဲ့ သူက ပြဿနာမရှိသော်လည်း ခမ်းကိုတော့ လက်ဆွဲကိုင်ထားရသည်အထိ ဂရုစိုက်ခေါ်ရသည်။ မိုင်းနယ်မြေကျော်လွန်သွားမှ မိမိလက်ဖ၀ါးထဲ မြုပ်နေသော လက်သွယ်သွယ်တို့ကို အသာလွတ်ပေးကာ
"မင်းက ဘယ်လိုဖြစ်ပြီး ဒီကားထဲပါလာတာလဲ အသက်မပြည့်သေးဘဲ လျှောက်သွားနေတာလား"
စတွေ့ကတည်းအုပ်ထိန်းသူမပါတဲ့ ဒီကောင်လေးကို စိုင်းဟတ် မေးချင်ခဲ့ပေမယ့် အခွင့်မသာ။အခုချိန်မှ သူစကားစရန်အသင့်တော်ဆုံးဖြစ်မည်။တကယ်လို့ အိမ်ပြန်ချင်တယ်ဆိုရင်လည်း ဟိုအဖွဲ့နဲ့ ခွဲထွက်လာသည်မို့ စိုင်းဟတ်ပြန်လိုက်ပို့လို့ရသည်။
"အိမ်ပေါ်က ဆင်းလာတာ"
"ဘာဖြစ်လို့လဲ"
"ကျွန်တော်က gayလို့ ၀န်ခံလိုက်လို့"
"......."
ခမ်းက ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်ပေမယ့် စိုင်းဟတ်ဘက်က တိတ်ဆိတ်သွားတာကြောင့်
"ခင်ဗျား ရွံ့သွားတာလား"
"gay ဆိုတာ လိင်တူချင်းသဘောကျတာကို ပြောတာမလား"
ခမ်းရဲ့ အမေးကို သူကပါ အမေးနဲ့ တုန့်ပြန်တာကြောင့် ခေါင်းညိတ်ပြလိုက်တော့ စိုင်းဟတ်က ပုံမှန်လေသံအတိုင်း ပြောင်းလဲခြင်းမရှိဘဲ။
"ရွံ့စရာလားဟ ... ငါ့မှာသာ အဲ့လိုတစ်ဖက်ပိတ်သေးသိမ်တဲ့ စိတ်ရှိနေရင် ဟိုကောင်ခွန်ဆေ(လ်)နဲ့ အရင်သတ်နေရလောက်ပြီ...သူလည်းသက်ဦးစံပိုင်ကို တော်တော်ဖြစ်နေတာလေ ဒါလည်း လိင်တူချင်းသဘောကျတာပဲ မလား"
"ခင်ဗျားရဲ့ ပုံစံက အမြဲတမ်းပေါ့ပါးနေတာပဲနော်"
ခမ်းစိတ်သက်သာသွားသလိုပြုံးရင်းသူ့ဘက်ကိုလှည့်ပြောလိုက်သည်။ထိုအခါ သွားတက်များပေါ်လာသည်အထိ စိုင်းဟတ်သဘောကျစွာ ရယ်လိုက်ပြီး

ESTÁS LEYENDO
တုံးခုလို့လှမ်း
Fantasíaအိမ်တော်မှာ မင်းသားတစ်ပါးလိုနေရတဲ့ အနွယ်တော်လေးက နယ်မြေတစ်ခုရဲ့ခေါင်းဆောင်ဆီကို ရောက်ရှိလာတဲ့အခါ ... ငယ်စဉ်ကတည်းက နှစ်သက်မြတ်နိုးခဲ့ရသော ကောင်လေးဖြစ်ကြောင်း သိခဲ့ပေမယ့် ချစ်ရသူနဲ့ နယ်မြေကြားမှာ ရွေးချယ်ဖို့ ခက်ခဲသည့်ဆုံးဖြတ်ချက်တွေ သူ့ထံရောက်ရှိလာသ...