Ep-18(Unicode)

15.8K 1.6K 49
                                    



ဖယောင်းတိုင်မီး အလင်းမှိန်မှိန်အောက်မှာ ကျောပေးထားသော ခွန်ဆေ(လ်)အား စံပိုင်ငေးကြည့်နေမိသည်။ လောလောလတ်လတ် ထိုးထားပြီးသောဆေးမှင်ကြောင်ပုံကြောင့် အအေးဒဏ်ကို မမူဘဲ သူ၏အပေါ်ပိုင်း အ၀တ်မကပ်ချေ။

မာန်ဟုန်ပြင်းတဲ့အသွင်အပြင်ကို ပိုင်ဆိုင်ပြီးသား လူက ဒီလို ရုပ်ပုံကို ထပ်မံဖြည့်စွက်လိုက်တာကြောင့် ခွန်ဆေ(လ်)ရဲ့ အရှိန်အ၀ါကို မည်သည့် စကားလုံးနဲ့ ဖော်ညွှန်းရမယ် ဆိုတာ စံပိုင်မသိတော့။ကိုယ်တိုင်တောင် ကြောက်စိတ်ဟု ဆိုမရသော ခပ်ရှိန်ရှိန်အနေအထားမှာ သူကတော့ ပုံမှန်အတိုင်း မပြောင်းလဲ။

ရင်ဘတ်ပေါ်မှာ မိမိနာမည်ကို တံဆိပ်ခတ်လိုက်တာဟာ ဖြစ်တည်မှုအားလုံးကို အပိုင်စားရသွားသလိုမျိုး။စံပိုင်နှလုံးသားထဲ အခုချိန်ထိ နွေးထွေးသော ရင်ခုန်သံလှိုင်း ဖြတ်ပြေးနေဆဲပင်။ စားပွဲပေါ်မှာ စံပိုင်နားမလည်သော စစ်လက်နတ်တွေကို စစ်ဆေးနေပြီးမှအိပ်ယာဘက်ထလာကြောင့် ငေးကြည့်နေရာမှ အကြည့်လွှဲလိုက်ရသည်။

"မအိပ်သေးဘူးလား ပိုင်"

"မင်းရော"

"သွေးမခြောက်သေးလို့ ခဏစောင့်လိုက်အုံးမယ်...မဟုတ်ရင် အိပ်ယာခင်းတွေ ပေကုန်မှာ"

လှဲနေလည်း အိပ်မပျော်မယ့်အတူတူ ခုတင်ပေါ်မှထပြီး သူ့ဘေးနားဝင်ထိုင်လိုက်သည်။ကိုယ့်နာမည်ကို အနီးကပ်မြင်နရပြီး စံပိုင်စိတ်ထဲလည်း တူညီတဲ့အရာကို ပြုလုပ်ချင်လာတာကြာင့်

"ငါရော ထိုးလို့ရလား ၊ အဲ့နေရာမှာပဲလေ မင်းရဲ့နာမည်ဖြစ်ဖြစ်"

မင်းရဲ့နာမည်လို့ပြောတဲ့အချိန် စံပိုင် သူမျက်နှာကို မကြည့်ရဲ။နားထင်ပေါ်ကို လက်မနဲ့ ဖွဖွလေး ပွတ်သပ်လာမှ ပြန်မော့ကြည့်လိုက်တော့ ခွန်ဆေ(လ်)မျက်နှာမှာ ပါးချိုင့်များ ခွက်ပြီး ထင်းနေအောင် ပြုံးထားသည်။

"မင်းရဲ့ ဒီလို အပြောလေးနဲ့တင် ငါပျော်ရတယ် ပိုင်....ဒါပေမယ့် မထိုးပါနဲ့ မင်းရဲ့အသားကနုနုလေး အနာရင်းပြီးဖျားလိမ့်မယ် ။နောက်ပြီး ငါ့ရဲ့ နာမည်နဲ့ မင်းနာကျင်တာကို မလိုလားဘူး"

တုံးခုလို့လှမ်းWhere stories live. Discover now