"လူလေး..... သေချာရဲ့လား "
စိုးရိမ်သော အသံဖြင့် ဒုတိယအကြိမ်မြောက် ဘလွိုင်ကထပ်မေးသည်။ပြုစားခံရတာကိုသိသော်လည်း တရားခံက မိမိရွာထဲကပဲ ဖြစ်နိုင်သည်မို့ ပြုလုပ်မည့်အရာကို ခွန်ဆေ(လ်)အား စိတ်ပြောင်းမလားဟု မျှော်လင့်ချက်ဖြင့်မေးနေခြင်း။ဘာပဲပြောပြော ခွန်ဆေ(လ်)က ဒီနယ်မြေရဲ့ ခေါင်းဆောင်မို့ သူ့လက်အောက်မှာ ရှိနေသူတွေအပေါ် နောင်တ မရစေချင်ပါ။ သို့သော် နွမ်းလျကာ လက်မောင်းပေါ်တွင် မှေးစက်နေသော ကောင်လေးကိုကြည့်နေရင်း ခွန်ဆေ(လ်) ရဲ့ ဆုံးဖြတ်ချက်တို့ ပြင်လိမ့်မည် မဟုတ်ကြောင်း သိလိုက်ရသည်။
"ဘလွိုင် သူ့ကို ခေါ်နိုင်တယ်မလား "
"အဘ ခေါ်နိုင်ပါတယ် ဒါပေမဲ့ .... တရားခံက တော်တော် ထိခိုက်နာကျင်လိမ့်မယ်။သူလုပ်ထားတဲ့ အရှိန်က မသေးတော့ ဒဏ်ပြန်ခံရမှာလည်း မနည်းဘူး။ အဲ့ဒါကြောင့် ... "
"အခုလုပ်လိုက်ပါ "
"......"
မိမိ၏သားတပည့်ပမာ ဖြစ်နေသော်လည်း ခေါင်းဆောင်ဆိုသည့်အရိပ်အောက်မှာ တစ်ချက်လွတ် အမိန့်ကြောင့် ဘလွိုင်က ဘာမှဆက်မပြောတော့ဘဲ စီစဉ်စရာရှိတာတွေ လုပ်ဆောင်နေသည်။အခုထိ နားမလည်သေးသော ခမ်းက မြေပြင်ပေါ်တွင် သွေးများနဲ့အတူ ရောနေသည့် ဆံပင်ချည်လုံးကို အိတ်ဖြင့်ကောက်နေတဲ့ စိုင်းဟတ်နားကပ်ကာ
"ကိုကိုက ဘာဖြစ်တာလဲဟင် "
ကလေးသာသာ ကောင်လေးမို့ မကြုံဖူးသော ထူးဆန်းဖွယ်အဖြစ် အတင်းမေးတာကြောင့် ခွန်ဆေ(လ်) မျက်နှာ အရိပ်အကဲ ပြလိုက်ချိန် စိုင်းမှ ချက်ချင်းပွေ့ချီကာ သူ့ကိုအပြင်ခေါ်သွားသည်။ထိုအခါမှ အနည်းငယ် တွန့်ချိုးနေသော မျက်ခုံးတန်းလေးတွေဖြင့် ချွေးစလေးများ သီနေသော မျက်နှာလေးကို ခွန် ငုံ့ကြည့်နေလိုက်သည်။
စခန်းမှာ စိတ်မချလို့ခေါ်သွားတာကို ရွာရောက်ခါမှ ပိုဆိုးသွားသည်။ပိုင်က လူစိမ်း တစ်ယောက်ဖြစ်သည့်အပြင် သိုသိပ်စွာနေသော်လည်း များစွာရှိနေသော ဒီအတတ်ပညာတွေ ကိုယ့်နယ်မြေမှာ ရှိနေကြောင်း သူသတိလွတ်သွားခဲ့မိတာ။

ŞİMDİ OKUDUĞUN
တုံးခုလို့လှမ်း
Fantastikအိမ်တော်မှာ မင်းသားတစ်ပါးလိုနေရတဲ့ အနွယ်တော်လေးက နယ်မြေတစ်ခုရဲ့ခေါင်းဆောင်ဆီကို ရောက်ရှိလာတဲ့အခါ ... ငယ်စဉ်ကတည်းက နှစ်သက်မြတ်နိုးခဲ့ရသော ကောင်လေးဖြစ်ကြောင်း သိခဲ့ပေမယ့် ချစ်ရသူနဲ့ နယ်မြေကြားမှာ ရွေးချယ်ဖို့ ခက်ခဲသည့်ဆုံးဖြတ်ချက်တွေ သူ့ထံရောက်ရှိလာသ...