Ep-8(Unicode)

23.1K 2.3K 130
                                    







"ကျေးဇူးပြုပြီး အသံမမြည်အောင် စားပေးလို့ရမလား "

အားနာသည့်အသံပေါက်သော်လည်း ကြီးကြီးကျယ်ကျယ်နိုင်လှသည်ဟု ထင်မြင်ကာ စိုင်းဟတ် 'ပြတ်ပြတ်"ဟု အသံ ပိုထွက်အောင် စားပြလိုက်သည်။ထိုအခါ ဘေးမဲ့ပေးလိုက်သည့် မျက်နှာထားမျိုးဖြင့် နှုတ်ခမ်းစေ့ကာ စားစရာရှိတာ ဆက်စားနေသည်။သူ့ပါးစပ်ကဝါးတဲ့အသံ နည်းနည်းလေးမှမကြားရ။ ခွန်ဆေ(လ်)ရဲ့ အနားမှာ ကိုယ်က လြွဲပီးဒီလိုသက်သောင့်သက်သာ နေနိုင်တဲ့ ပထမဦးဆုံးသူဖြစ်တာကြောင့် မေးခွန်းများစွာရှိနေသော်လည်းမမေးဖြစ်သေးပါ။

ညင်သာတဲ့ဟန်ပန်နဲ့ အိန္ဒြရေသောမျက်နှာထားက အထက်တန်းလွှာဟု ထင်ရသည့်အပြင် သေချာပေါက် မြန်မာလူမျိုးဖြစ်မည်။သူ့ကို အကဲခတ်နေရင်း တောကြက်ရိုးကို အားရပါးရ ကိုင်ကာ စားလိုက်တော့ ပိုကျယ်သွားတဲ့ နှုတ်ခမ်းလှုပ်သံဟာ ညင်သာစွာ ဝါးနေသော သူ့နှုတ်ခမ်းကို ရပ်တန့်သွားစေသည်။ ထိုအခါ သူများအမြင်ကပ်အောင်လုပ်ရရင် အူမြူတတ်သော စိုင်းဟတ်ဗီဇအရ တခွီးခွီးထရယ်မိတော့

"ဟိုကောင် အသံထပ်ထွက်ရင် အပြင်မှာ သွာစား "

ခွန်ဆေ(လ်)က အမိန့်သံဖြင့်ပြောတော့ စိုင်းဟတ် ခပ်ရွဲ့ရွဲ့ ထပ်ရယ်လိုက်ပြီး။

"အချစ်ကလေး မင်းက ငါးစိမ်းမြင်တော့ ငါးကင်ပစ်တယ်ပေါ့ ဟုတ်လား။ အရင်ကတော့ ဟောဒီက ကိုစိုင်းရဲ့ မျက်နှာလေးမြင်ရင် ထမင်းစား မြိန်လှပါချည်ရဲ့ဆို .... အခုတော့ဖြင့် မင်း ...စိမ်းရဲ့လေသလားကွာ"

" ခွေး စကားတွေ ပြောပြန်ပြီ "

အဟွတ် ...ဟွတ် ... ။

ဟင်းရည်ကို ခပ်သောက်နေသော စံပိုင်သည် ခွန်ရဲ့ စကားအဆုံးမှာ သီးကာ နှုတ်ခမ်းကို လက်နဲ့ အုပ်၍ စားပွဲရဲ့ တခြားတစ်ဖက်ကို မျက်နှာလွှဲလိုက်သည်။ခွန်က ချက်ချင်း ဝါးကျဉ်ထဲမှ ရေကို ခွက်နဲ့ငဲ့လိုက်ပြီး သူ့နှုတ်ခမ်းနားတေ့ပေးကာ နောက်ကျောကို အသာပုတ်ပေးနေသည်။ရယ်ချင်နေသော်လည်း သူတစ်ပါးစားသောက်ပျက်သည်အထိ အကျင့်မယုတ်တတ်သောကြောင့် စိုင်းဟတ် ချောင်းဟန့်ကာ စားနေတာကို လက်စသတ်လိုက်သည်။ထို့အတူ ရွှေလင်ဗန်းနဲ့ အချင်းဆေးခဲ့သော အနံကြီးကွင်းကျယ်လိုလူလည်း ဆက်မစားတော့ပေ။

တုံးခုလို့လှမ်းWhere stories live. Discover now