Ep-13(Unicode)

17.3K 1.9K 45
                                    




ခုတင်ပေါ်မှ အနည်းငယ် လူးလွန့်ကာ နိုးလာသော စံပိုင်ရဲ့အနား ခွန်ဝင်ထိုင်လိုက်ပြီး ထရတာအဆင်ပြေစေရန် ပခုံးမှ ဆွဲထူပေးသည်။ထို့နောက် အသင့်ယူထားတဲ့ရေခွက်ကို တိုက်လိုက်ပြီး ခါးနောက် ခေါင်းအုံးခံကာ မှီစေလျက်။

"သက်သာရဲ့လား "

" အင်း "

"အစာမှားတာ"

"....."

နားမလည်နိုင်တဲ့ အရာတွေဖြင့် စံပိုင်မကြောက်လန့်စေရန် ခွန်ဆေ(လ်)မုသားသုံးလိုက်သည်။အစာမှားတဲ့အခါလည်း များသော အားဖြင့် ဗိုက်အောင့်နိုင်သည်မို့ ဆေးပညာဖြင့်မရင်းနှီးသော စံပိုင်က ယုံကြည်သွားဟန်။ မီးဖိုပေါ်မှာ ပြန်နွေးထားသော ဆန်ပြုတ်ကို ပန်းကန်နဲ့ခပ်ပေးလိုက်ပြီး ဘေးနားကနေ ထိုင်ကြည့်နေသည်။စိုးရိမ်စိတ်မပြေသေးသော မျက်ဝန်းပြာတွေကို စံပိုင် မျက်လုံးထောင့်ကနေ မြင်နေရပြီး အနေခက်သော်လည်း မကြည့်နဲ့လို့လည်းမတားဖြစ်။

ခန္ဓာကိုယ်မှ အားအင်တို့ ကုန်ခမ်းနေသလို ခံစားရတာကြောင့် ဆန်ပြုတ်စားပြီးတာနဲ့စံပိုင် ပြန်လှဲရင်း ခဏအကြာ အိပ်ပျော်သွားပြန်သည်။
ညနေပိုင်းရောက်တော့ စိုင်းဟတ်ပြန်လာပြီး ခွန်ဆေ(လ်)ကို မကြည်သလိုကြည့်နေပေမယ့် ဘာမှမပြော။ ထမင်းခူးခပ်ပြီး စားပွဲတွင် အေးဆေး ထိုင်စားနေသည်။
နေ့လည်က သူကန်လို့ ကျိုးသွားတဲ့ခုံကို ခွန်ဆေ(လ်) ပြန်ရိုက်လိုက်ပြီး မျက်နှာချင်းဆိုင်မှာဝင်ထိုင်သည်။ထိုအခါ စားနေတာကို မြန်မြန်အပြီးသတ်၊ ပန်းကန်ကို အသံမြည်အောင် ဆေးနေသော စိုင်းဟတ်ကြောင့် ခွန် အသံထွက်သည်အထိ ရယ်မိသည်။ ကလေးလည်းမဟုတ်ဘဲ စိတ်ဆိုးနေပုံက။

"မင်းရဲ့စခန်းဘက်ကို ဘယ်နေ့ ပြန်မှာလဲ "

"မနက်ဖြန် "

ဆောင့်အောင့်မကျေနေသည့်အသံကို ခွန်က ခေါင်းရမ်းရင်းသာ။
ခွန်ဆေ(လ်)နဲ့ စိုင်းဟတ်က ရွာရဲ့ နယ်မြေအပိုင်းအခြားကို ကာရံထားသည့်ပုံစံဖြင့် တောင်ဖျားနဲ့ မြောက်ဖျားကို တာဝန်ယူထားသည်။အရှေ့နဲ့အနောက်က တောင်ရံတွေကာရံထားသည်မို့ တခြားနယ်စပ်တွေက ဝင်လာနိုင်ချေရှိသော တောင်နဲ့မြောက် နေရာနှစ်ခုမှာ အခြေချထားခြင်း။ စိုင်းဟတ် ဘက်မှာလည်း နယ်မြေ အတားဆောက်ပြီး စက်ဝိုင်းပုံစံဖြစ်အောင် အလယ်မှာ ဆုံမှာ။ထိုအခါ ရွာကိုရော ပတ်ပတ်လည်ကာထားပြီးသား ဖြစ်မည်။

တုံးခုလို့လှမ်းWhere stories live. Discover now