Ep-2(Unicode)

27.4K 2.7K 71
                                    








အေးစက်စက်အထိအတွေ့ကြောင့် ပြန်နိုးလာခဲ့ချိန် ထရံကာတဲ့ အိမ်တစ်လုံးထဲမှာဖြစ်သည်။မြေကြီးပေါ်မှာဖျာတစ်ချပ်သာရှိပြီး ဆောင်းမဝင်သေးတဲ့ တောတွင်းအငွေ့အသက်က လူကို ခိုက်ခိုက်တုန်စေ၏။

ပါးတွေရော နားတွေပါ အခုထိ ပူထူနေတာကို လက်နဲ့ အသာထိလိုက်ပြီး ထိုလူကို ကျိန်ဆဲမိသည်။ အိမ်တော်မှာဆို သူ့ရဲ့ပါးပြင်ကိုရိုက်ဖို့မပြောနဲ့ ဒီအသက်၊ဒီအရွယ်ထိ မယ်မယ်ကိုယ်တိုင်တောင် တစ်ခါမှလက်နဲ့ မရွယ်ဘူးပါ။

တစ်ချက်တည်းနဲ့ မေ့လဲအောင်ထိ ရိုက်နိုင်တဲ့အားက ရိုးရိုး လူတော့မဖြစ်နိုင်။ဘေးကို လှည့်ကြည့်တော့ ကိုထွေးက ကောက်ရိုးတို့ ဖြင့်လုံးထွေးကာ ကွေးအိပ်နေသည်။လက်မှာ ကြိုးတွေချည်ထားဆဲ။ ချမ်းလို့တုန်နေပေမဲ့ ကောက်ရိုးတွေတော့ ဆွဲမယူဖြစ်ပါ။

"ကိုထွေး "

အအိပ်ဆတ်တဲ့ကိုထွေးက ခပ်တိုးတိုးနှစ်ခါခေါ်လိုက်ရုံဖြင့် မျက်လုံးပွင့်လာသည်။ သူ့ရဲ့ အနောက်မှာလည်း ကားပေါ်မှာပါလာတဲ့ လူတွေအတန်းလိုက် အိပ်နေသည်။ ကားဆရာအပါအဝင် အကုန်လုံးကယောကျာ်းလေးတွေချည်းပဲ။ဒါဆို မိန်းမနဲ့ ကလေးတွေကို ဘယ်ပို့လိုက်ကြပြီလဲ ။

"ဆရာလေး ချမ်းနေလား ရော့​ကောက်ရိုးနည်းနည်းယူလိုက် "

လက်က ချည်နှောင်ခံထားရတာကြောင့် ခြေထောက်ဖြင့် သူ့ဘက်ရောက်အောင် အသာတိုးပေးသည်။

"ရတယ် မယူတော့ဘူး .... ကျွန်တော်တို့ အခု ဘယ်ရောက်နေတာလဲဆိုတာ ကိုထွေးသိလား "

ကိုထွေးက စာသွားသင်မယ့် ရွာလေးကနေ သူ့ကို လာခေါ်ဖို့ လွှတ်လိုက်တဲ့လူဖြစ်သည်။ ဒါကြောင့် ဒီနယ်မြေနဲ့ ပတ်သက်တာတော့ အနည်းအကျဉ်းတော့သိလိမ့်မည်။

"ကျုပ်အထင်တော့ နယ်မြေလုနေတဲ့ မျိုးနွယ်စုတွေထဲကဖြစ်နိုင်တယ်"

"သူပုန်တွေမဟုတ်ဘူးလား"

"ဆရာလေးနားလည်အောင်ပြောရရင် သူပုန်နဲ့တော့တူတယ် ဒါပေမဲ့ နယ်မြေပဲ လုတဲ့မျိုးနွယ်စုတွေသက်သက်ရှိတယ်။သူတို့က မှောင်ခိုကူးတာတွေဘာတွေတော့မရှိဘူး ။ သာမန်ရွာသားတွေလိုပဲ ယာခင်းတွေရှိတယ်။သူတို့နေရာကို ကာကွယ်ဖို့အတွက် စစ်လက်နက်တွေရှိတယ်"

တုံးခုလို့လှမ်းWhere stories live. Discover now