Ep-9(Unicode)

20.2K 2.1K 92
                                    







အိမ်တော်၏အနောက်တံခါးပေါက်နားတွင် စံပိုင်တစ်ယောက် အစေခံတွေရဲ့အရိပ်ခြေကို အကဲခတ်နေသည်။ခြေဖဝါးသေးသေးလေးတွေက အသံမကြားအောင် တတ်နိုင်သမျှ ဖွဖွလေးနင်းကာ တံခါးရဲ့အပြင် အုတ်လှေကားဆီ ပြေးဆင်းလိုက်သည်။မယ်မယ်က လုံးဝမသွားရဘူးလို့ အမိန့်ထုတ်ထားသော်လည်း စံပိုင် သူ့ကို တွေ့ချင်၏။အဖိုးအရွယ် အိမ်စေတွေနဲ့ မကစားချင်သလို တစ်ယောက်တည်း နေရတာလည်းပျင်းလှပြီ။ မျက်လုံးပြာနဲ့ ကောင်လေးရဲ့ နာမည်နဲ့ အသက်ကို စပ်စုရမည်ဟု တွေးကာ စိန်ပန်းပင်တွေကြားဝေ့ကာရှာမိသည်။

အိမ်တော်ရဲ့အရှေ့ဘက်မှာသာ ဥယျာဉ်ရှိတာမို့ အနောက်ဘက်မှာက သိပ်မကျယ်ဝန်းသော ပတ္တာမြားနီတွေကဲ့သို့ စိန်ပန်းပင်တွေကြားမှ မျက်ဝန်းပြာလေးကို စံပိုင် ချက်ချင်းရှာတွေ့သည်။ပျော်ရွှင်သွားသော စိတ်ကြောင့် ပြုံးလိုက်ချိန် ပါးလေးနှစ်ဖက်က ရဲကာ မို့မို့။
ကျောပေးထားပြီး သစ်ရွက်ခြောက်တွေလိုက်ကောက်နေသော သူ့အနား အမြန်သွားလိုက်ကာ

"မျက်ဝန်းပြာလေး"

စံပိုင်အသံကြားတော့ ခါးမတ်သွားသော်လည်း လှည့်မကြည့်ပါ။သူကောက်ထည့်နေတဲ့ အမှိုက်ခြင်းတောင်းကို ယူပြီး ချက်ချင်းထသွားဖို့ပြင်သည်။ထို့ကြောင့် စံပိုင် သူနဲ့မျက်နှာချင်းဆိုင်မှာ ပိတ်ရပ်လိုက်ပြီး

"ပိုင့်ကို ဘာလို့ ရှောင်နေတာလဲဟင် .... ပိုင်က မင်းလာဆော့မယ်မှတ်လို့မျှော်နေတာ"

"........"

ဘာမြှပန်မပြောဘဲ စိန်ပန်းနီနီကြားက ပြာလဲ့လဲ့ မျက်ဝန်းတွေဟာ စံပိုင်ကိုပဲ စူးစိုက်ကြည့်နေသည်။ထို့နောက် ကျော်သွားဖို့ လုပ်တာကြောင့် လက်နဲ့ကာထားလိုက်ပြီး

"ဟိုနေ့က မယ်မယ်ပြောလိုက်လို့ စိတ်ဆိုးသွားတာလားဟင်"

"......"

ခေါင်းငုံ့ဦးညွှတ်ကာပဲ ရအောင်ရှောင်ထွက်သွားလေသည်။ထိုအခါ ချယ်ရီရောင်နှုတ်ခမ်းလေးမှ အလိုမကျဟန် မဲ့သွားပြီး မျက်ဝန်းမှလည်း အရည်လဲ့လာသည်။အိမ်တော်ရဲ့ အလိုလိုက်အကြိုက်ဆောင်ခြင်းတွေနဲ့ပဲကြီးပြင်းလာသူမို့ လျစ်လျူရှုခြင်းကို စံပိုင် မရင်းနှီးပါ။တစ်စုံတစ်ယောက်မျက်ကွယ်ပြုခြင်းမှာ အမိန့်မသုံးတတ်သည့်အရွယ်မို့ ဝမ်းနည်းမှုသာ ပိုလျက်ရှိသည်။

တုံးခုလို့လှမ်းWhere stories live. Discover now