Ep-16(Unicode)

16.8K 1.8K 86
                                    




မီးလောင်မှု ဖြစ်ပြီးနောက်နေ့ မနက် စိုင်းဟတ်က ခွန်ဆေ(လ်)စခန်းကို ချက်ချင်းပြန်ရောက်လာသည်။ဘယ်လိုစလောင်တယ်ဆိုတာ အဖြေမရှာနိုင်တာကြောင့် နှစ်ယောက်လုံးရဲ့ဒေါသက တမြေ့မြေ့ ။ ခွန်ဆေ(လ်)ဘေးမှာ စံပိုင်ရှိနေပေးလို့ သူ့စိတ်ကို သူထိန်းနိုင်တယ်ဆိုသော်လည်း အရင်ကထက် ပိုပြီးသတိချပ်နေသည်။

"ရွာကို ငါပြန်မယ် "

ရိက္ခာသွားယူဖို့အတွက် စိုင်းဟတ်ပြောသည်။ အဖွဲ့ထဲမှာ ဓားလျှိုရှိနေနိုင်တာကြောင့် ခွန်ဆေ(လ်)ကို သွားခိုင်းလို့မဖြစ်။ ပိုဆိုးတာ ခွန်ရဲ့ အားနည်းချက်က သက်ဦးစံပိုင်။ဒီတစ်ခါ ရွာသွားပြီး ရိက္ခာသယ်ရင် စံပိုင်ကို အတူခေါ်သွားလို့မရတာကြောင့်ရော စိုင်းဟတ် ပြန်ယူတာသာ အကောင်းဆုံးဖြစ်မည်။

"ရွာက လူတွေ အဆင်ပြေပါ့မလား"

"ငါလည်း အဲ့ဒါစိတ်ပူခွန်ဆာရ် ... ဒါပေမဲ့ ငါ့စခန်းဘက်က ရှိသေးတာကြောင့် ဆန်တစ်ပိုင်းလောက်တော့ ရအုံးမှာပါ"

"အင်း ..."

စိုင်းဟတ်လိုအပ်တာ ပြင်ဆင်ပြီး ထွက်လာတော့ ခပ်လှမ်းလှမ်းမှ ခမ်းကို တွေ့လိုက်သည်။ဘလွိုင်ဆီကူဖို့ သွားတာဖြစ်မည်။မြင်ကွင်းကနေ ထိုကျောပြင်လေး ပျောက်သွားပြီဆိုမှ ခရီးဆက်ရင်း။ အပြန်မှ နှုတ်ဆက်တာပေါ့။

ရွံ့နီအိမ်ထဲတွင် မနက်စာစားပြီး ရေသောက်နေတဲ့ စံပိုင် ကျောမလုံသလို ခံစားနေရသည်။ အကြောင်းက အနောက်မှ တစ်ချိန်လုံး စိုက်ကြည့်နေတဲ့ခွန်ဆေ(လ်)ကြောင့်။ရေခွက်ကို အသံမမြည်အောင် ပြန်ချလိုက်ပြီး သူ့ဘက်ကို လှည့်ကာ

"ငါ့ကို ပြောစရာ ရှိနေလား "

သူ့ပင်ကိုယ်အမူအယာတိုင်း ခေါင်းညိတ်ပြပြန်သည်။

"ပြောလေ "

"ဒီမှာ အန္တရာယ်များတယ် "

"အဲ့တော့ ..."

"မင်းအိမ်ပြန်ချင်လား ပိုင် "

စံပိုင် မဖြေသေးဘဲ ခွန်ဆေ(လ်)ရဲ့ မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်သည်။ထို့နောက် သူမျက်နှာကို အကဲခတ်ရင်း

တုံးခုလို့လှမ်းWhere stories live. Discover now