Ep-3(Unicode)

27K 2.6K 78
                                    







သစ်တုံးရဲ့ဝိတ်က 'မ'ပြီးယူတုန်းကထက် ပုခုံးပေါ် ထမ်းတဲ့အခါ ပိုလေးသည်။ ခုတ်ပေးနေတဲ့နေရာမှ စခန်းရှိရာ အသွားအပြန် သုံးခေါက်မြောက်မှာ ပုခုံးကစပ်ပြီး နာလာ၏။ ရှပ်အင်္ကျီလက်ရှည်အပါးမို့ ဒဏ်မခံနိုင်သည့်အပြင် တစ်ခါမှ ဒီလိုအလုပ်ကြမ်း မလုပ်ဖူးတော့ အေးတဲ့အရသာလေးတောင်ပျောက်ပြီး ချွေးဒီးဒီးကျနေပြီဖြစ်သည်။

သေနတ်တွေနဲ့ စောင့်ကြည့်နေပြီး သယ်တဲ့ထဲမှာ သူတို့လူရော ပါတာမို့ ပြေးဖို့လမ်းမမြင်။ အခေါက်ခေါက်အခါခါ အားတင်းသယ်နေရင်း စခန်းနဲ့ ခပ်လှမ်းလှမ်းတစ်နေရာအရောက် ညာဘက်ဘေးမှ ကားသံကြားလိုက်ရသည်။

မျက်လုံးကို အသာငဲ့ကြည့်သော်လည်း ခြုံနွယ်တွေနဲ့ပိတ်နေတာကြောင့် မမြင်ရ။ ထို့ကြောင့် ပို၍ နားစွင့်ထောင်ကြည့်ချိန် ကားသံက သိပ်မဝေးလှသော နေရာမှ ကြားနေရပြီး တဖြည်းဖြည်းပြန်ဝေးကွာသွားပြန်သည်။သေချာပေါက် ဒီခြုံရဲ့အပြင်က တောင်ပတ်လမ်း ဖြစ်လိမ့်မည်မှာဧကန်မလွဲ။

သူတို့လစ်တဲ့အချိန်ကျ ကိုထွေးနဲ့တိုင်ပင်ပြီး ဒီနေရာကနေ ထွက်ပေါက်ရှာရမယ်ဟု စံပိုင်တွေးထားလိုက်သည်။

ငါးခေါက်မြောက်သယ်ဖို့ သစ်တုံးကို 'မ'တဲ့အခါ အနည်းငယ် ပိုတုတ်နေသောကြောင့် လူပါ ယိုင်သွားသည်။ဘေးဘီကိုဝေ့ကြည့်သော်လည်း သူတို့အလုပ်ကလွဲကျန်တာ စိတ်မရောက်သော သူတွေနှင့် ခပ်လှမ်းလှမ်းမှ ကိုထွေးရဲ့ ကျောပြင်ကို မြင်လိုက်ရသည်။ကူညီဖို့ လှမ်းခေါ်လည်း ကြားမည်မဟုတ်။ ထပ်ပြီး 'မ' ယူကြည့်တော့ လက်ကောက်ဝတ်ပါ နာလာတာကြောင့် လွတ်ချလိုက်ချိန်သေနတ်ကိုင်ထားသော လူတစ်ယောက်က မကြည်သလို လှမ်းကြည့်သည်။ ဘေးမှာချထားသော အပင်တွေထဲမှာ လက်ရှိသယ်ရမယ့်အတုံးထက် သေးတာမရှိ။အကုန်လုံးက မသယ်နိုင်မယ့်အရွယ်အစားတွေသာ။

"အဖျားက သွား 'မ'လိုက် "

"....."

နောက်ကျောဘက်ဆီမှ ခပ်ဝဲဝဲ အသံကြောင့် လှည့်ကြည့်လိုက်တော့ ခါးထောက်ကာ ကြည့်နေသော မျက်ဝန်းပြာနဲ့လူ။မျက်ခုံးတွေက အလိုမကျစွာတွန့်ချိုးနေပြီး စံပိုင်အား သုံးစားမရတဲ့ လူကဲ့သို့ ကြည့်နေသည်။သူတို့ ကြည်သည်၊ မကြည်သည်ကို ဂရုစိုက်နေရမည့် အခြေအနေမို့ ခပ်မြန်မြန်ပဲ သစ်တုံးရဲ့ အဖျားကို 'မ' ပြီး ပုခုံးပေါ် ထမ်းလိုက်သည်။

တုံးခုလို့လှမ်းWhere stories live. Discover now