Ep-20(Zawgyi)

4.5K 236 2
                                    



တခြားနယ်မြေကလူတွေ ထွက်သွားမှ သူတို့နှစ်ယောက် စခန်းရှိရာ ပြန်လာကြသည်။ ခွန်ဆေ(လ်)ခြေထောက်တစ်ဖက်က သေချာမထောက်နိုင်တာကြောင့် စံပိုင်တွဲခေါ်သော်လည်း ခရီးမတွင်။ နေ့လယ်ပိုင်းလောက်မှ စခန်းထဲပြန်ရောက်တော့ စိုင်းဟတ်ရဲ့ မိုးမွှန်အောင်ဆဲသောစကားတွေကို ခွန်ဘာမှမပြောဘဲ နားထောင်နေပြီး စံပိုင်က ကြားကနေသူ့ကြောင့် ဖြစ်ရတာပါလို့ ၀င်ရှင်းပြတော့လည်းမရ။မနေ့ညက စခန်းမှာဖြစ်တဲ့ အကြောင်းတွေကိုပြောပြီး ခေါင်းဆောင်မရှိလို့ ဖြစ်ချင်တိုင်းဖြစ်တယ်ဆိုကာ အပြစ်တင်သည်။ထို့နောက်သူနဲ့မတိမ်းမယိမ်းခွန်ဆေ(လ်) ခန္ဓာကိုယ်ကို ရအောင်ထမ်းပြီး ဘလွိုင်ဆီရောက်တဲ့အထိ အဖိုးကြီးပေါက်စလို တပြစ်တောက်တောက်ပြောနေတုန်း

"အား!....ငါ×ိုးတဲ့ တိတ်စမ်းပါ"

နောက်ဆုံး ခွန်ဆေ(လ်)က နာတာရာ နားငြီးတာရောပေါင်းပြီး အကျယ်ကြီးထအော်တော့ ဘလွိုင်အပါအ၀င် စံပိုင်ပါ တုန်ခနဲ လန့်သွားကာ စိုင်းဟတ်လည်းအသံတိတ်သွားသည်။အနောက်က ကပ်ပါလာတဲ့ ခမ်းဆိုရင် တဲအပြင်ထိပါ ထွက်ပြေးသွားတာကြောင့် စံပိုင်လိုက်ခေါ်ရတဲ့အထိပင်။သူတို့ပြန်လာတဲ့အခါမှ စိုင်းဟတ်က လေသံအေးအေးဖြင့်

"မင်းကို စိတ်ပူလို့ပြောတာ စေတနာနဲ့ မတန်တဲ့ ခွေးမျိုး"

"ကျစ်! မင်းက လဒမျိုး"

"အေး အဲ့လဒက မင်းဆရာလေ"

"ငါ့ဆရာ မင်းအဖေ"

ဘလွိုင်က သွေးထွက်နေတဲ့ခြေထောက်ကို အရက်နဲ့ဆေးရင်း သူ့ရဲ့သွားလေသူ သူငယ်ချင်းကြီးအစား တားချင်သော်လည်း ငယ်ငယ်လေးကတည်းက အကြောင်းသိနေတာမို့ လွှတ်သာထားလိုက်ရသည်။ခမ်းနဲ့ စံပိုင်က သူတို့ ဘယ်အချိန်ထသတ်မလဲဆိုတာ ကြည့်ရင်းပြေးပေါက်ရှာလျက်။သို့သော် ခွန်ရဲ့ခြေထောက်ကို ချုပ်ဖို့ပြင်လိုက်တော့မှ ရန်ဖြစ်နေတာရပ်လိုက်ပြီး

"ထုံဆေးထိုးပြီးပြီလား ဘလွိုင်"

မျက်ခုံးတို့ တွန့်ချိုးနေတဲ့ ခွန်မျက်နှာကိုမြင်တော့ အပ်ပြင်နေတဲ့ဘလွိုင်အား စိုင်းဟတ်က မေးသည်။ဘလွိုင်က ခေါင်းယမ်းပြကာ

တုံးခုလို့လှမ်းWhere stories live. Discover now