Ep-11(Unicode)

18.2K 2K 85
                                    

မှိန်ပြပြ ဖယောင်းတိုင်မီးအလင်းရောင် အောက်မှာ စံပိုင်ရဲ့မျက်လုံးတို့ အိပ်မရနိုင်။ယခင် ရက်ပိုင်းတွေတုန်းက သုံးယောက်သား ခြေထောက်ချင်းထပ်၊လက်ချင်းရိုက် အိပ်ခဲ့ကြသော်လည်း ယခုအခါ သိပ်မကျယ်ဝန်းသော အခန်းတွင်း ဖျာတစ်ချပ်ပေါ် သူနဲ့ အတူတူလျဲလှောင်းနေရသည့် အတွက် သက်သောင့်သက်သာမရှိလှပါ။

နန်းဟွမ်က ခြုံဖို့ရန် လာပေးထားသော စောင်ကို အလယ်မှာခြားထားစေပြီး ဝေးနိုင်သမျှ ဝေးအောင် ခြင်ထောင်စနား ကပ်၍အိပ်သည်။ညနေက အကြောင်းကို ပြန်စဉ်းစားလိုက်တိုင်း ရင်ဘတ်ထဲက မောဟိုက်လို့။ အသက်ရှူလို့မရတော့တဲ့အချိန်မှ အားကုန်ထုရိုက်မိသော် နှုတ်ခမ်း တစ်စုံလုံးကို ပိုအားထည့်စုတ်ယူပြီးမှ လျှာဖြင့်သပ်ကာ လွတ်ပေးသည်။

စိတ်က ဘယ်လောက်ပဲ ခြောက်ခြားနေပါစေ။ ကျောင်းဆရာဟု ဂုဏ်တွင်ထားသောကြောင့် မိမိရဲ့လက်ဟာ အလျင်အမြန်ပါပဲ တိုတိတိသူ့ဆံပင်တွေပေါ် ဂွက်ခနဲမြည်အောင် ခေါက်ချလိုက်သည်။ဖြေရှင်းချက်မပေးဘဲပြူးကြောင်ကြောင်ပြန်ကြည့်နေသော မျိုးနွယ်စုခေါင်းဆောင်အား ထိုနေရာ၌ ပစ်ထားခဲ့ကာ ရွာထဲသို့ ခြေသုတ်တင် ပြေးလာခဲ့မိတော့သည်။

စံပိုင် ဘယ်လောက်ထိ ပြေးလာမိတယ်မသိ။ နန်းဟွမ်တို့ အိမ်ထဲကိုရောက်တော့ ရင်ဘတ်ကနိုမ့်ချည်မြင့်ချည်ဖြစ်ကာ လွန်စွာ မောဟိုက်နေသည်။ခဏအကြာ အေးဆေး လျှောက်လှမ်းလာနေသော သူ့ကို ခြံပေါက်ဝမှာ မြင်လိုက်ရတော့ ဒေါသဖြစ်တာလား ၊ ရှက်တာလား မသဲကွဲတဲ့ ခံစားချက်တို့နဲ့အတူ နားနေရန် ပေးထားသော အခန်းထဲ ပြေးဝင်မိတော့သည်။တစ်ညနေလုံးအောင်းနေပြီး ညနေစာစားတဲ့
အချိန်မှာလည်း အိုးတိုးအမ်းတမ်းသာ။ သူ့မျက်နှာကို မကြည့်မိအောင် ထိန်းထားရင်း အိပ်ပြန်တော့လည်း ကျောပေးထားလျက်။အတော်ကို နေရထိုင်ရခက်တဲ့ အခြေအနေပါပေ။

ရုတ်တရက်ဆုံဆည်းခဲ့တဲ့ အချိန်ခဏလေးအတွင်း မှာ ကိုယ့်ကို ဟိန်းလားဟောက်လား လုပ်ရာကနေ တစ်ဖန် ပြောင်းလဲသွားတဲ့ အမူအရာတွေနဲ့အတူ ဂရုစိုက်ပြန်သည်။ခံစားချက်ဖွင့်ဟမပြောဘဲ နမ်းတဲ့အပြင် ။ဘာကြောင့်ရယ်လို့ အကြောင်းပြချက်လည်း မပြောတာကြောင့် ပူနွေးနေဆဲ နှုတ်ခမ်းပါးအား လက်နဲ့ တို့ထိကာ အလွန်စိတ်ရှုပ်ရပါ၏။

တုံးခုလို့လှမ်းWhere stories live. Discover now