Ep-14(Unicode)

17.5K 1.9K 33
                                    

ခွန်က စံပိုင်ရဲ့ဘေးမှာ အသာဝင်လှဲလိုက်ပြီး လက်ကို ခေါင်းမှာ ထောက်ကာ မျက်နာလေးကို ငေးကြည့်နေသည်။အနည်းငယ် အားနည်းနေပုံပေါက်သောကြောင့် ပါးပြင်ကိုပွတ်သတ်ပေးလိုက်တော့ လွန့်လူးကာ လှည့်လာသည်။ထို့နောက် ရင်ခွင်ထဲ တိုးဝင်ကာ မှေးစက်နေသည်က အကျအန။
အမှောင်ရိပ်ထဲ လက်လှမ်းကာ ခါးသိမ်သိမ်ကိုပွေ့ဖက်ရင်း ထိုနေ့ညက ချမ်းစိမ့်ခြင်းဆိုတာ ပျောက်ကွယ်နေခဲ့သည်။

အပြင်ဘက်မှာတော့ရင်ဘတ်နဲ့ ကပ်နေသော မျက်နှာလေးကို တစ်ချက် ငုံ့ကြည့်ကာ စိုင်းဟတ် ပြုံးနေမြဲ။ စခန်းရဲ့ ခပ်လှမ်းလှမ်းနေရာအထိ လျှောက်သွားလိုက်ပြီး ကင်းစောင့် တပ်သားဘေးမှာ ဝင်ထိုင်လိုက်သည်။သူတို့နှစ်ယောက် အနေအထာကို ပြူးတူးပြဲတဲကြည့်နေတဲ့ တပ်သားကို စိုင်းဟတ်ဂရုမစိုက်။ပွေ့ထားဆဲ ကောင်လေးကတော့ မျက်စောင်းထိုးနေသည်။

"မင်းဒီနေ့ နားလိုက် ငါစောင့်ပေးမယ်"

"ဟုတ်...ဟုတ်ကဲ့ ကိုစိုင်း "

နိုးနိုးကြားကြား သတိချပ်နေသော တပ်သားက မီးပုံကို ထားခဲ့ကာ ထွက်သွားသည်။

"အောက်ကို ချပေး"

"ကိုယ်လည်း တစ်ညလုံး ချီမထားနိုင်ပါဘူး ။ လူကသေးသလောက် လေးလိုက်တာ "

"ခင်ဗျားကိုရော ဘယ်သူက ချီပါလို့အော်နေလို့လဲ "

"မနေ့ကအထိ ဟောဒီကျောပေါ် လိုက်နေတာ မဟုတ်ဘူးလား "

"......."

ဟွန့်ခနဲ နှာမှုတ်ပြီး စိုင်းဟတ်ဘေး သစ်လုံးမှာ ဝင်ထိုင်သည်။စိုင်းဟတ်က သူ့ဘက်ကို စောင်းငဲ့ကြည့်ကာ အသာပြုံးရင်း

"ကစွန်းဥ စားမလား "

ခေါင်းညိတ်ပြတာကို အဖြေရပြီးသည်နှင့် သူ့ရြေှ့ခင်းတောင်းထဲကို လက်လှမ်းနှိုက်လိုက်သည်။ထို့နောက် သုံးလေးခုလောက်ကို မီးခဲ များတဲ့နားလေး ပစ်ထည့်လိုက်ပြီး ထင်းချောင်းရှည်တစ်ခုနဲ့ ထိုးဆွသည်။

ခမ်းက ဒူးပေါ်လက်ပိုက်ပြီး စိုင်းဟတ် လုပ်နေတာကို ငြိမ်ငြိမ်လေးထိုင်ကြည့်နေသည်။ အတူကင်းစောင့်ပေးမည်ဆိုသည်သဘော။
မီးရောင်အောက်မှာ ပိုမိုဝင်းလဲ့နေသော မျက်နှာကို စိုင်းဟတ် ပြန်လည် ငေးမောမိသည်။ခမ်းအကြည့်တွေကတော့ မီးပုံထဲက ကျက်ဖို့လိုသေးသော ကစွန်းဥထံသာ။

တုံးခုလို့လှမ်းWhere stories live. Discover now