Ep -23(Unicode)

17K 1.7K 113
                                    




"ကိုစိုင်း ခေါင်းဆောင်တို့ စခန်းကို ၀င်စီးခံနေရပြီ"

"ဘာ!"

လက်မောင်းတစ်ဖက် သေနတ်ဒဏ်ရာနဲ့ အတူမောဟိုက်ကာ ရောက်လာသော ခွန်ဆေ(လ်)ရဲ့ တပည့်ကို ကြည့်ရင်း စိုင်းဟတ် စိုးရိမ်မှု မြင့်တက်လာသည်။စခန်းထဲရှိတဲ့ တပ်သားအကုန်လုံးကို အဆင်သင့်ပြင်ခိုင်းပြီး သူကိုယ်တိုင် လက်နတ်အပြည့်စုံယူလျက် ခွန်ဆေ(လ်)စခန်းဘက် ထွက်ဖို့လုပ်သည်။သက်ဦးစံပိုင်ရဲ့ အိမ်တော်ကနေ သတိပေးစာကို စိုင်းဟတ်ဘက်ကိုရောရောက်ရှိလာလို့ အကြောင်းစုံသိထားသော်လည်း သူ့ရဲ့သားကို ပြန်ပို့ပေးပါဆိုတဲ့တောင်းဆိုချက်ပဲပါသည်။ မနေ့ညက သန်းခေါင်အချိန်ကြီး ခွန်ဆေ(လ်)ထပ်ပို့လိုက်တဲ့ စာကြောင့် သူ သက်ဦးစံပိုင်ကို လက်လွတ်တော့မယ်လို့ သိထားပြီးသား။ခွန်ဆေ(လ်)က ပြောပြီးရင် ပြောတဲ့ အတိုင်းလုပ်တဲ့ကောင်။ ဒါကြောင့် ပြန်လွတ်ရဲ့သားနဲ့ တမင် လာတိုက်တာဆိုတော့ ဟိုဘက်က ကတိမတည်ဘဲ သက်သက်မဲ့ အမဲဖြတ်ချင်နေတဲ့ ရည်ရွယ်ချက် အစောကတည်းက ရှိနှင့်ပြီး ဖြစ်လိမ့်မယ်။

" တောက် !!! စောက်အဖွားကြီး ကတိတစ်လုံးတောင် မတည်နိုင်ပဲ သူ့ကိုယ်သူအနွယ်တော်ဆိုပြီး ဟိတ်ကြီး ဟန်ကြီး လုပ်နေသေးတယ် ငါလိုး!"

စိုင်းဟတ်ပြေးလွှားနေရင်းကို ဆက်တိုက်ဆဲဆိုနေမိသည်။လိုအပ်တာ အကုန်ထည့်ပြီး လူစုပြီးချိန်မှ ဘေးမှာကပ်ပါလာတဲ့ ခမ်းကိုသတိရသွားပြီး

"မင်းဒီမှာပဲ နေခဲ့လိုက်... ငါအစောင့်တစ်ယောက် ထားပေးခဲ့မယ် ....ရော့ ဒါရောယူထား"

သေနတ်မပစ်တတ်သေးဘူးလို့သိထားတာကြောင့် သူကျွမ်းကျင်သော ဓားမြှောင်တစ်ခုကိုပေးကာ အစောင့်တစ်ယောက်ပါ နေခဲ့ခိုင်းလိုက်သည်။ အရေးကြီးနေတာကြောင့် ခမ်းရဲ့ မျက်နှာအမူအရာကိုသေချာမဖတ်ဖြစ်။ သူတို့အဖွဲ့ စခန်းအပြင်ဘက် ရောက်ဖို့ ခြေလှမ်းအနည်းငယ်သာ လိုတော့တဲ့အချိန် ချန်ထားခဲ့တဲ့ အစောင့်ထံမှ အော်သံကြားလိုက်ရသည်။

"ကိုစိုင်း တခြားနယ်မြေကကောင်တွေ အရှေ့အတားကို ကျော်လာကြပြီ"

တုံးခုလို့လှမ်းWhere stories live. Discover now