Ep-19(Unicode)

14.3K 1.5K 44
                                    





တဲအိမ်အတွင်းပိုင်း ထရံကာထားသောသီးသန့်နေရာ ခပ်ကျဉ်းကျဉ်းဆီ ချည်းကပ်လာတဲ့ လူတစ်ယောက်။ထိုလူက ကားထဲမှာပါလာသော အဖွဲ့ထဲမှဖြစ်ပြီး ခမ်းအားမထိတထိ အနှောက်အယှက် ပေးဆုံးသူဖြစ်သည်။ အရင်က ခေါင်းဆောင်အရေးပေးနေတဲ့ သူလို ဖြူဖက်ဖက်ကောင်နား ကပ်နေတာကြောင့် အခွင့်မသာခဲ့။ ယခု တဲအတွင်းကလူတွေ အိပ်မောကျနေချိန် တောင်းတမှုတို့ပြေပျောက်ရန် ကွေးကွေးလေး ကျောပေးကာအိပ်နေသောကောင်လေးအနားတိုးကပ်သွားလေသည်။

အများအမြင်မှာ ကလေးတစ်ကဲ့သို့ ဘာမှမသိနားမလည်သော ကောင်လေးက တကယ်တော့ ထင်သလိုမဟုတ်ခဲ့။မျက်လုံးမှိတ်ထားသော်လည်း သတိရှိလွန်းတဲ့အသိဟာ ဟိုလူ ၀င်လာတည်းကနိုးနေပြီးဖြစ်သည်။တရွေ့ရွေ့ကျူးကျော်လာတဲ့ လက်တွေ အင်္ကျီအောက်လျှိုဝင်ပြီးချိန်မှာတော့ လက်ခနဲ ကိုင်မြှောက်လိုက်တဲ့ ဓားမြှောင်ဟာ ချက်ချင်းဆိုသလို ကောင်လေးရဲ့လက်ချောင်းသွယ်သွယ်များကြား ကျွမ်းကျင်စွာထွက်ပေါ်လာလေတော့သည်။

........................

"ခွန်ဆေ(လ်)ဘယ်သွားလဲ"

အမြဲ တစ်ပူးပူးတစ်တွဲတွဲ ရှိနေသော စိုင်းဟတ်ကိုယ်တိုင်က ခွန်ဆေ(လ်)ဘယ်ရောက်နေလဲဆိုတာ မသိတာကြောင့် သိပ်မမျှော်လင့်ချက်မရှိသော်လည်း အစောင့်တစ်ယောက်ကိုမေးလိုက်သည်။ထိုအစောင့်လည်းမသိ။ညနေကတည်းက စခန်းဆီပြန်မရောက်တာလားဆိုတာ စိုင်းဟတ်လည်း အတားဆောက်တဲ့ဘက်သေချာပြန်စစ်နေတာကြောင့် သတိမထားလိုက်မိဘူး။ခွန်ဆေ(လ်)လိုလူက စိုးရိမ်နေစရာ မလိုဘူးဆိုပေမယ့် သန်းခေါင်ကျော်တဲ့အထိ မရောက်လာတာကြောင့် စိုင်းဟတ် မမေးဘဲ မနေနိုင်တော့။ ကင်းစောင့်တဲ့ တပ်သားတွေနားရောက်မှ

"ညနေခင်း ကျွန်တော်စမ်းချောင်းဘက်မှာ ရေသွားချိုးတော့ ခေါင်းဆောင်နဲ့အတူ ဟိုအကိုတစ်ယောက်ရော ချောင်းတစ်လျှောက် ထွက်သွားတာတွေ့လိုက်တယ် ကိုစိုင်း"

ဒီကောင်ကတော့ လုပ်ချင်တာ လုပ်နေတော့တာပဲ ။ အေဘေး ခွန်ဆေ(လ်)တော်တော်မွှန်နေပြီ။

တုံးခုလို့လှမ်းWhere stories live. Discover now