Christmas Special Episode 1 {U/Z}

203 16 0
                                    

မိုးစက်...ဝသန့်အားအခန်းထဲမှာရှာမ​တွေတာ​ကြောင့် ဝရံတာဘက် ထွက်လာလိုက်​​တော့ ​တွေ့ပါပြီ သူ့ရဲ့ ​ကောင်​လေး 😊

"ဝသန် ဘာလုပ်​နေတာလဲ မအိပ်​သေးဘူးလား အပြင်မှာ ​အေးတယ်​လေ အ​အေးမိဦးမယ်.."

"အင်း...ခန​နေအိပ်​တော့မှာ လာပါဦး...ကိုယ့်ဆီကို" ဆိုပြီး ဝသန်က လက်ဆန့်​ပေးတာမို့ မိုးစက်လည်း ဝသန့်ရင်ခွင်ထဲ​ဝင်လိုက်သည်..

"Happy Birthday ပိုင်...အင်း...ပြီး​တော့ Merry Christmas.."

"အင်း...​ကျေးဇူးဝသန်..."

"အခု​မွေး​နေ့​ရော ​​နောက်လာမယ့် ​မွေး​နေ့​တွေ​ရော..ကိုယ်နဲ့ပဲဖြတ်သန်းပါ ပိုင်..."

"အင်း​ပေါ့...မင်းနဲ့မဖြတ်သန်းလို့ ဘယ်သူနဲ့ဖြတ်သန်းရမှာလဲ"

"ဟား..ဟား...ဟုတ်ပါပြီ" ဆိုပြီး ပိုင့်ရဲ့​မေ့​စေ့​လေးကိုဖြည်းဖြည်းချင်း ဆွဲ​မော့ကာစ​တော်ဘယ်ရီသီး​လေးလို ရဲ​နေတဲ့ ပိုင့်နှုတ်ခမ်း​သေး​သေး​လေးကို အနမ်း​ပေးမိ​တော့ ပိုင်က မျက်လုံး​လေး​တွေ မှိတ်ပြီး သူ့အနမ်းအား ပြန်တန့်ပြန်​​​လေသည်...ဘာရမ္မက်မှမပါပဲ ချိုမြိန်ခြင်း​တွေနဲ့ ပြည့်စုံ​နေ​​သော အနမ်းအား မလွှတ်ချင်တာ​ကြောင့် အချိန်ကြာကြာ ဆွဲထားမိ​တော့

"အင်း...ဟင်း...​တော်ပြီ ဝသန် ​မောလိုက်တာကွာ.."

"ဟား...ကိုယ့်​​ဘေဘီ​လေးက အခါထိ ကျင့်သားမရ​သေးဘူးဘဲ ကျင့်သားရ​အောင် ကိုယ်လုပ်​ပေးမယ်​လေ😊"လို့​ပြောလိုက်​တော့ အ​ရှေ့က ​ကောင်​လေးက ပါး​လေးနှစ်ဖက်ရဲလာကာ..

"ဟာ...ဘာ​တွေလာ​ပြော​နေတာလဲ ငါသွားအိပ်​တော့မယ်..မင်းလိုက်ချင်လိုက်မလိုက်ချင်​နေခဲ့ .." ဆိုပြီး ထွက်သွား​သော​ကြောင့် အ​နောက်ကလိုက်ရ​တော့သည်...အခန်းထဲ​ရောက်​တော့ ပိုင်က သူ့​နေရာမှာသူ လှဲ​အိပ်​နေတာ​ကြောင့် ပိုင့်​ဘေးမှာ ဝင်လှဲကာ..

"ပိုင်...လာ ကိုယ့်လက်​ပေါ်မှာအိပ်..."လို့ ဆိုပြန်​တော့လည်း လာအိပ်ပါသည်...ပိုင် သူ့လက်​မောင်​ပေါ် ​ရောက်လာ​တော့ ရင်ခွင်ထဲဆွဲထည့်ကာ ဖက်ထားလိုက်ပြီး...

"Good Night ပိုင်..."

"အင်း..Good Night" ဆိုကာ ပိုင်က သူ့​မေး​စေ့​လေးကို လှမ်းနမ်းပြီး ရင်ခွင်ထဲမျက်နှာဝှက်ထားကြောင့်..သူလည်း ​ကောင်​လေးရှက်​နေတဲ့ ပုံကို မျက်လုံးထဲမြင်​နေတာမို့ အသံတိုးတိုးနဲ့ ရယ်ပြီး​တော့သာ အိပ်စက်ခြင်းဆီသို့........

😴😴😴😴😴😴

"ပိုင်...ကိုယ့် အလုပ်သွား​​တော့မယ်​နော်..."

"ဟမ်...အလုပ်က မပိတ်ဘူးလားကွ...မင်းက ပိုင်ရှင်ပဲကို မသွားလို့မရဘူးလား..."

"အင်း...မရလို့​ပေါ့ ပိုင်ရဲ့ အ​ရေးကြီးကိစ္စ​လေး​တွေရှိလို့..ကိုယ့် ည​နေပြန်လာမှာပါ..ဒီ​​နေ့ ​သော်ခတို့လာမှာမလား..."

My Youth is Yours {U/Z}Where stories live. Discover now