Chapter 27 {U/Z}

210 18 0
                                    

"ခွန်းသ...​ဟျောင့်...ခွန်းသ" ဆိုပြီး ​သော်ခတစ်​ယောက် ခွန်းသ အိမ်​ရှေ့က​နေ ​​အော်​ခေါ်​နေသည်...

"​အမ်...​သော်ခ မင်းရုပ်ရှင်ရုံမှာကျန်ခဲ့တာမဟုတ်လား"

"အင်း.. တံခါးဖွင့်​ပေး ​ပြောစရာရှိတယ်"

"အမ်...အင်း..အင်းး..." ဆိုပြီး တံခါးဖွင့်​ပေးလိုက်​တော့​သော်ခက ​ရှေ့က ​နေ အရင်ဝင်သွားတာမို့ ခွန်းသ တံခါးမြန်မြန်ပိတ်ပြီး အ​နောက်က လိုက်ရ​တော့သည်..
အိမ်ထဲ​ရောက်​​တော့ ​သော်ခက ဧည့်ခန်းထဲက Sofa ​ပေါ် ထိုင်​နေတာမို့ သူ့နားသွားထိုင်လိုက်​​တော့..

"မင်းအ​မေ​ရော မရှိဘူးလား"

"အင်း ဒီ​နေ့ပြန်မလာဘူး.."

"အဲ့ဒါဆို ငါ့နဲ့ လိုက်အိပ်..."

"ဟို...ရပါတယ်..ငါတစ်​ယောက်တည်းအိပ်လို့ရတယ်.."

"မရှည်နဲ့ လိုက်အိပ်ဆိုအိပ်​ပေါ့...ပြီး​တော့ ​ပြောရဦးမယ်...ငါဖုန်းဆက်တာဘာလို့မကိုင်တာလဲ ဟမ်..."

"အမ်...မင်း..ဖုန်းဆက်​သေးတာလား"ဆိုပြီး...ဖုန်းဖွင့်ကြည့်မှ ဟုတ်တယ်ဟ Miss Call က ၁၀ခါ​တောင် သူလည်း Taxi ​ပေါ်မှာ စိတ်​တွေလွင့်​နေတာ​ရော ဖုန်းက Silent လုပ်ထားတာ​ကြောင့်​ရောမကြားလိုက်...

"​အေး​လေ ​ခေါ်ရတာ​ပေါ့ မင်းက တစ်​ယောက်တည်း ဘယ်မှ မှမသွားဖူးတာ ဒီက မင်းအ​ဖေက စိတ်ပူရတာ​ပေါ့"

"မင်းက ငါကိုစိတ်ပူ​နေတာလား " ဆိုပြီး ​သော်ခမျက်နှာနားကပ်ပြီး မျက်လုံး​လေးပြူးကာ ​မေး​​နေ​သော ခွန်းသ ​ကြောင့်

"အဟမ်း...ဖယ်စမ်းပါ စိတ်ပူတယ်ဆိုတာ မင်းတစ်ခုခုဖြစ်သွားရင် ငါပါ အမှုပတ်​နေမှာဆိုးလို့"

"​သြော် ​အဲ့လိုလား..🙄"

"​အေး..အဲ့လိုပဲ.."

"ဟို​ကောင်မ​လေး​ရော..."

"သူဘာသာပြန်သွားပြီ...မင်းကို​​မေးရဦးမယ်..ဆင့်..မဟုတ်ဘူး...သဒ္ဒါဆင့် မင်းကို ဘာ​တွေ​ပြောလိုက်​သေးလဲ"

"​အဲ့​ကောင်မ​လေးက​လေ ကြည့်​တော့သာ ချစ်ဖို့​ကောင်းတာ စကားအကြမ်း​တွေ​ပြောတတ်တယ်ကွ...ပြီး​တော့ သူက ငါ့တို့​ကျောင်းက ပဲမလား"

"အင်း..ဟုတ်တယ် ​မေ​မေ့သူငယ်ချင်း ​အန်တီ ​ကျော့သဒ္ဒါ ရဲ့ သမီး..."

"​သြော်..."

"အင်း..မင်းကိုဘာ​ပြောသွား​သေးလဲလို့...သူရိုင်းတာ​ပြောသွားရင်လဲ မင်းကပဲခွင့်လွှတ်​ပေးလိုက်ပါကွာ..."

"ဟား...ငါက အစထဲက ခွင့်လွှတ်ပါတယ်ကွာ..သူကမိန်းက​လေးပဲ...ပြီး​တော့ သူက မင်းကိုကြိုက်​နေတာကွ.. ငါမင်းကို ဖွင့်​ပြောထားတာကိုလည်းသူသိတယ်..အဲ့ဒါ မင်းကို ရ​​အောင်ယူပြမယ်တဲ့..ငါကသူ့ရဲ့ ပြိုင်ဘက်မဟုတ်ဘူးတဲ့ ဟား..ဟား...က​လေးဆန်တယ်ကွာ"

"​​သြော်..အဲ့ဒါ​ကြောင့် သူမှားသွားတယ်​ပြောတာကို..."

"ဘာမှားတာလဲ"

My Youth is Yours {U/Z}Dove le storie prendono vita. Scoprilo ora