Chapter 11 {U/Z}

295 25 0
                                    

"ရှုံးတဲ့သူရဲ့ မျက်နှာပေါ်မှာ နိုင်တဲ့သူက ဘောပင်နဲ့ သုံးခေါက် ခြစ်ခွင့်ရမယ် အိုခေလား"

"အင်း..... အိုခေ ကွာ"

"ဟုတ်ပြီ ပြီးတော့ စည်းကမ်းကရော..."

"ဆော့နေကျပဲလေ စည်းကမ်းကအများကြီးမလိုပါဘူး တစ်ခုပဲ နောက်ဆုံးတစ်ကဒ်ကျန်ရင် UNO အော်ပြီးမှ ချရမယ် မဟုတ်ရင် နိုင်လဲ အသုံးမဝင်ဘူး အိုခေ"

"ဟုတ်ပြီ အဲ့ဒါဆို ကဒ်ဝေပြီနော်"

"အင်း"
ဝဏ္ဏက တစ်ယောက် ၁၀ ကဒ်ဆီဝေတယ် မိုးစက်လည်း သူ့ကဒ်တွေကို ဝဏ္ဏမမြင်အောင်ကိုင်ကြည့်ပြီး စိတ်ထဲမှ

"ဟာ ဘာလဲကွာ...ဘယ်လိုကြီးတောင်ရတာတုန်း"

"ငါအရင်ချပြီနော် " ဆိုတဲ့ ဝဏ္ဏစကားကြောင့် ခေါင်းညိမ့်ပြလိုက်ပြီး စိတ်ထဲမှလဲ အဝါ ချပါစေ အဝါချပါစေ ဆိုပြီးဆုတောင်းနေရသည် .. မဆုတောင်းလို့လဲမရ သူ့ရထားတာ အဝါကြီးပဲ ၆ကဒ်တောင် အပြာက တစ်ကပ် ကံကောင်းလို့ Reverse အနီလေး တစ်ကဒ် +2 က တစ်ကဒ် နဲ့ +4 တစ်ကဒ်ပါတယ်🥴

"ရော့...." ဆိုပြီး ဝဏ္ဏချလိုက်တာက အနီရောင်

"ဖာ့ခ်...ရော့ကွာ" ဆိုပြီး Reverse ကဒ်ပြန်ချလိုက်သည်...

"အင့်..." ဝဏ္ဏက အနီကဒ်ကြီးပြန်ချတော့ မိုးစက်ခမျာ +2 နဲ့ +4 ကို မသုံးရက်သေးတာကြောင့် ရင်နာနာနဲ့ တစ်ကဒ်ကောက်ဆွဲလိုက်တော့ ပါလာတာက အဝါရောင်ကြီး

"ကျေးဇူး" လို့စိတ်ထဲကသာပြောပြီး ဝဏ္ဏအား ခေါင်းခါပြလိုက်သည်...

"ရော့ အရောင်စုံကဒ်...."

"ဘာ အရောင်လဲပြော"

"အင်းးးး..အဝါ"

" Yes.. .. ဟဲဟဲ ရွေးချယ်မှုမှန်ကန်တယ် ဖေ့သားလေး" ဆိုပြီး အဝါရောင် တစ်ကဒ်ချလိုက်တော့..
ဝဏ္ဏကလည်း အဝါပဲပြန်ချသည်.. သူလည်း အဝါရောင် နောက်တစ်ကဒ်ထပ်ချလိုက်တော့ ဝဏ္ဏက ထပ်မချသေးပဲကဒ်တွေကို တစ်ချက် ကြည့်ကာ

"ရော့ +2 ဖေ့သားလေး ဆွဲလိုက် ၂ကဒ်😇"

"ဆုတောင်လေးသားရယ် အင့် +2 ဆွဲလိုက်ပါဦး ၄ကဒ်😈"

"ဟဲဟဲ ဒီမှာထပ်ယူလိုက် +4 😚"

"ဟားဟား... မင်းတော့သွားပြီကွာ စိတ်တောင်မကောင်းဘူး ရော့... +4 ဆွဲစမ်း သားကြီ😂😂😂"

"🤣🤣🤣🤣🤣🤣🤣🤣🤣 အမလေး အူတတ်နေပြီ စိတ်တော့ မကောင်းပေမယ့် မင်းပဲ ဆွဲလိုက်ပါကွာ..ရော့ ဒီမှာ +2 ငါ UNO နော်" ဆိုပြီး ကောက်ချလိုက်တဲ့ ဝဏ္ဏကြောင့် မိုးစက်ဆီမှ

"ဟာ..... ×ီးပဲကွာ ဘယ်နကဒ်တောင် ဆွဲရမှာလဲ😫😫" ဆိုတဲ့ ဆဲသံကြီးထွက်လာလေသည်

"10 ကဒ်ဆွဲရမှာ အသည်းလေး " ဆိုတော့ မျက်နှာကြီးဆူပုတ်ကာ ကဒ်တွေကို ဆွဲနေသည်...မိုးစက် ကဒ်ဆွဲပြီးတော့
"ဘာအရောင်ချရမလဲ..."

"မင်းကြိုက်တဲ့အရောင်ချလေ"

ခုနကဆွဲထားတဲ့ကဒ်တွေကိုကြည့်လိုက်တော့

My Youth is Yours {U/Z}Where stories live. Discover now