မိုးစက်တို့ကျောင်းကထွက်လာပြီး ၁နာရီလောက်နေတော့ ဝသန်တို့အိမ်ရောက်လာခဲ့သည်...အရင်တစ်ခါက ဝသန့်ကို လာခေါ်ဖူးပေးမယ့် အဲ့တုန်းကသိပ်သတိမထားမိဘူး...အခုမှ အိမ်ကိုသေချာကြည့်တော့ တကယ် အကြီးကြီးပဲ အပြင်ကကြည့်ရင်တောင် ချမ်းသာမှန်းသိသာတယ်...
"ဝိုး...ဝသန်မင်းတို့အိမ်က မိုက်တယ်ကွာ အကြီးကြီးပဲ အိမ်ထဲမြန်မြန်ဝင်ကြည့်ချင်နေပြီ...😁"
"အင်း😊.......ဦးစိုး ကျွန်တော်တို့အိတ်တွေ တစ်ချက်လောက်ယူခဲ့ပေးနော်.."
"ဟုတ်..သခင်လေး..."
"လာ...ပိုင် အထဲဝင်ကြမယ်.."
ဆိုကာ ဝသန်တစ်ယောက် ပိုင့်လက်ကိုဆွဲကာ အိမ်ထဲဝင်လာခဲ့လိုက်သည်... ပိုင်တစ်ယောက်ကတော့ မျက်လုံးအပြူးသားနဲ့ဟိုကြည့်ဒီကြည့်လုပ်နေလေသည်.."သြော်...သားတို့ရောက်လာပြီလား...ကြီးမြအခန်းပြင်ထားပေးတယ်နော်... ဗိုက်ရောဆာကြပြီလား.."
"ရတယ် ကြီးမြ မစာသေးဘူး ကျွန်တော်တို့ အခန်းထဲဝင်လိုက်ဦးမယ်နော်..."
"အေး..အေး...ဆာရင်ပြောနော် ကြီးမြပြင်ပေးမယ်.."
"ဟုတ် ကြီးမြ..လာ...ပိုင် အခန်းထဲသွားရအောင်.."
"အင်း....လာပြီ...သွားလိုက်ပါဦးမယ် ခင်ဗျ"
"အေး..အေး..သားလေး..."
မိုးစက်တစ်ယောက် ဝသန့်အခန်းကို တက်လာတဲ့တစ်လျှောက်လုံး မျက်လုံးက ဟိုကြည့်ဒီကြည့်နဲ့စက်စုလာလေသည်...
"ဝိုး...ဝသန် ဒီအိမ်အကြီးကြီးမှာ ငါတို့နှစ်ယောက်ပဲနေရမှာလား..."
"အင်း...ကြီးမြလည်းရှိပါတယ်..ဘာလို့လဲ"
"သြော်..ဘာမှမဟုတ်ပါဘူး မင်း ဒီအိမ်အကြီးကြီးမှာ အမြဲတစ်ယောက်ထဲနေတာလား..."
"အင်း..."
"ငါသာဆို မနေရဲဘူး😐 မင်းတစ်ယောက်ထဲနေတုန်းကမပျင်းဘူးလား..."
"အင်း...နေသားကျနေပါပြီ.."
"အဟမ်း...အင်း..အင်းပါ အခု ငါရှိတယ်ဆိုတော့ မပျင်းရတော့ဘူးပေါ့😁"
"အင်း..😊" ဆိုကာ မိုးသက်ရဲ့ဆံပင်လေးတွေကို ဆွဲဖွနေတုန်း...ဝသန့်ဖုန်းဝင်လာတာကြောင့်..
"ပိုင်..ခနနော် မေမေဖုန်းဆက်လို့.."
"အိုခေ👌😁"
ဆိုကာ အခန်းထဲပတ်ကြည့်နေလိုက်သည်...ဝသန့်အခန်းက အကျယ်ကြီးပဲ ကုတင်ကလည်း King size bed ကြီး အခန်းကလည်း ရိုးရိုးရှင်းရှင်းပဲ စာအုပ်တွေ အများကြီး တင်ထားတဲ့ စဥ်နှစ်ခု ဘေးချင်းကပ် စီထားပြီး အဲ့စဥ်ရဲ့ရှေ့မှာ ဆိုဖာတစ်ခုထားထားသည်...ပြီးတော့ အဝတ်ဗီဒိုတစ်လုံးရယ် အဲ့ဒါပဲရှိသည်..ရှင်းရှင်းလေးနဲ့ နေချင်စရာကောင်းသည်...မိုးစက် အခန်းထဲပတ်ကြည့်နေတုန်...
