Chapter 6 {U/Z}

352 31 0
                                    

Flash Back Start ↩

​​သော်ခနဲ့ ခွန်းသ အခန်းထဲကို နှစ်​ယောက်တွဲဝင်လာသည်... ​​သော်ခထိုင်ဖို့​နေရာရှာလိုက်​တော့ ဟိုး​နောက်ဆုံးခုံရဲ့ ​ရှေ့ကနှစ်​ယောက်တွဲခုံလွတ်​နေတာနဲ့ ​အော်​မေးလိုက်သည်...

"အဲ့ ခုံမှာလူရှိလား..."

"အင်း မိုးစက်တို့ထိုင်တာ" လို့​ဘေးက ခွန်းသကတိုးတိုး​လေး​ပြော​တော့ "Tsk..." စုတ်တစ်ချက်သပ်ပြီး အခန်းထဲကို မျက်လုံးကစားကြည့်လိုက်​တော့ ခုန​က မိုးစက်တို့ထိုင်တဲ့ ခုံရဲ့​ဘေးမှာ ဝတုတ်ဖြိုး​အောင်ထိုင်​နေတာ​တွေ့​တော့ ...

"ဖက်တီး​ကောင် မင်းခုံတစ်စုံ​တောင်းပြီး​နောက်ဆုံးတန်းမှာသွားထိုင် သွား... လူကဖြင့်ဖက်တီး ရှေ့မှာထိုင်ချင်​နေ​သေးတယ် ဖယ်...ဖယ်.." ဆိုပြီး လက်​မောင်းက​နေဆွဲမ​နေတာမို့ ဖြိုး​​အောင်မနှစ်ထဲ​ကသော်ခအ​ကြောင်းသိသူပီပီ အမြန်ပဲထ​​ပေးလိုက်ကာ အပြင်ထွက်ပြီး ခုံသွားယူလိုက်ရ​တော့သည်... ကျန်တဲ့သူ​တွေကလဲလိုက်ကြည့်​နေတာမို့ ​သော်ခကပဲ..

"ဘာကြည့်တာလဲ...မ​ကျေနပ်ဘူးလား" လို့ လူဆိုးဆိုဒ်နဲ့​အော်လိုက်​တော့ အကုန်ပြန်လှည့်သွား​​တော့မှ ခုနကဖက်တီး​နေရာဝင်ထိုင်ဖို့လုပ်တုန်း ​ဘေးကခွန်းသကိုမြင်လိုက်​တော့..

"မင်းက​ရောဘာလုပ်​နေတာလဲ ကိုယ့်​နေရာကိုယ်သွားထိုင်" လို့ပိတ်​ဟောက်လိုက်တော့..

"ဟို...ဟို...ငါ...."

"ဘာလဲ...မြန်မြန်​ပြော စိတ်မရှည်ဘူး​နော်..."

"ဟို...ငါမင်း​ဘေးမှာထိုင်မလို့ မနှစ်ကလဲမင်းနဲ့ပဲတူတူထိုင်​​နေကြဆို​တော့​လေ...." လို့ မဝံ့မရဲ​လေး​ပြောလိုက်သည် ခွန်းသစိတ်ထဲမှာလဲ ​သော်ခ မငြင်းပါ​​စေနဲ့လို့ဆု​တောင်း​နေရတယ်...
​သော်ခက ခွန်းသကိုတစ်ချက်ကြည့်ပြီး ​သူထိုင်​နေတဲ့​ဘေးခုံကိုကြည့်လိုက်​တော့ သူတို့နှစ်​ယောက်ကို​ကြောင်​တောင်​​တောင်​လေးကြည့်​နေတဲ့ မျက်မှန်နဲ့ ဂျပု ​​ဝေရန်ဖြိုး...

"​​ဟေ့​ရောင် ​ဝေရန်ဖြိုး မင်းက အရပ်ကပု​နေ​တဲ့ဟာကို ဘာလုပ်ဖို့ အ​နောက်မှာ လာထိုင်​နေတာလဲ သွား..သွား... အ​ရှေ့ခုံမှာသွားထိုင်" လို့​ပြောလိုက်​တော့ အဲ့ဂျပု​ကောင်က ဘယ်ချိန်ထဲက​ပြေးချင်​နေလဲမသိ လှစ်ခနဲပဲစာအုပ်​တွေ အကုန်ယူပြီး​ပြေးသွားတာ...
အဲ့​တော့မှ ခွန်းသကိုကြည့်ပြီး..

"ဘာလုပ်​နေတာလဲ ဝင်ထိုင်​လေ" လို့ခပ်တည်တည်ပဲ​ပြောလိုက်သည်...
ခွန်းသလဲ ​သော်ခကသူ့ကိုမငြင်းဘူးဆိုပြီး အ​ပျော်​တွေလွန်ကာ ပြုံးဖြီးဖြီးနဲ့ ဝင်ထိုင်လိုက်​တော့သည်...

Flash Back End ...

"အဲ့ဒါပဲ... ဘာသိချင်​သေးလဲ" လို့ ဝဏ္ဏ​အောင်က​မေး​တော့ မိုးစက်လဲ..

"​သြော်... အဲ့လိုကို.." ဆိုပြီး​ခေါင်းတညိမ့်ညိမ့်လုပ်ကာဆက်​ပြောသည်...
ဒါနဲ့ဝဏ္ဏ မင်းက ​ကျောင်းသား​ဟောင်းမလား ခွန်းသနဲ့ ​သော်ခရဲ့ပတ်သတ်မှု အ​ကြောင်း​လေး သိရင်​ပြောပြစမ်းပါ.....

My Youth is Yours {U/Z}Où les histoires vivent. Découvrez maintenant