သူတို့တွေ ည ၁၀ နာရီလောက်ကျတော့ အိမ်ပြန်ရောက်လာခဲ့သည်...
"သားတို့ ကိုယ်လက်ဆေးပြီးအိပ်တော့နော် မနက်စောစောထရဦးမှာဆိုတော့ "
"ဟုတ်မေမေ .."
"လာ ဝသန် အခန်းထဲသွားမယ်...Good Night နော် ဖေဖေ နဲ့ မေမေ .."
"Good Night နော် အန်တီနဲ့ အန်ကယ်"
"အေးပါ...အေးပါ...Good Night ...သွားနားကြတော့..."
"ဟုတ်....." ဆိုပြီး သူတို့နှစ်ယောက်အခန်းထဲဝင်လာကာ...
"ဝသန်..ငါ အရင် ရေချိုးခန်းထဲဝင်လိုက်မယ်နော်..."
"အင်း...မြန်မြန်လုပ်နော် အအေးပတ်မယ်.."
"Yes sir" ဆိုကာ..သပတ်တစ်ထည်ယူပြီး မိုးစက်ဝင်သွားတော့ ဝသန်လည်း မိုးစက် ဝတ်ဖို့ အဝတ်ရယ် သူဝတ်မယ့် အဝတ်ပါထုတ်နေတုန်း....
"🎶Can I call you baby?🎶 Can you be my friend ?🎶 Can you be my lover up until the very end?🎶" ဆိုပြီး ကုတင်ပေါ်တင်ထားတဲ့ မိုးစက်ဖုန်းမြည်နေတာကြောင့် ဝသန်ကိုင်လိုက်တော့..
"Hello..."
"Hello မိုးစက်လား...ငါဝဏ္ဏပါ..."
"ပိုင်ရေချိုးခန်းထဲရောက်နေလို့... ငါဝသန်...ဘာပြောပေးရမလဲ"
"ဟမ်...ဝသန်မင်းရောတောင်ကြီးမှာပဲနေတာလား မိုးစက်ဆီဘယ်လိုရောက်နေတာလဲ"
"အင်း ငါပိုင့်ဆီအလည်လိုက်လာတာ ဘာဖြစ်လို့လဲ ဘာပြောပေးရမလဲ"
"သြော် ဘာမှမဟုတ်ပါဘူး ငါဖုန်းဆက်တယ်လို့ပဲပြောပေး"
"အင်း.."
"ဒါပဲ...." ဝဏ္ဏ ဒါပဲနော် တောင်ပြီးအောင်မပြောရသေးဘူး ဟိုဘက်က ဖုန်းအရင်ချသွားတာကြောင့်
"ဒီကောင်ဘာလဲဟ လူမှုရေးလည်း နားမလည်ဘူး🤨"
ဆိုပြီး တစ်ယောက်ထဲပွစိပွစိပြောနေလေသည်...ဝသန်ဖုန်းချပြီးသာ အင်္ကျီဆက်ထုပ်နေလိုက်သည်...ခနနေတော့ ပိုင်ရေချိုးခန်းထဲက ထွက်လာတာကာ..
"ဝသန် မင်းဝင်လို့ရပြီးနော်..."
"အင်း.... ဒါနဲ့ ဝဏ္ဏက မင်းဖုန်းနံပါတ်ဘယ်လိုသိတာလဲ"
"သြော်...နောက်ဆုံးနေ့က မင်းပြန်သွားပြီ သူရောက်လာတာပဲ သူနဲ့စကားပြောရင်းနဲ့ သူက ဖုန်းနံပါတ်ပေးထားပါဆိုလို့ ပေးလိုက်တာလေ ဘာလို့လဲ ဖုန်းဆက်လို့လား..."
"အင်း...ခုနက "
"ဒီချိန်ကြီး ဘာပြောမလို့ပါလိမ့်🤔 သူဘာပြောသွားသေးလဲ ဝသန်.."
"ဘာမှမပြောဘူး သူဆက်တယ်လို့ပြောပေးတဲ့"
"သြော် အင်း.အင်း... ခြေလက်ဆေးတော့လေ ငါသူကို ခနနေ ပြန်ခေါ်လိုက်မယ်.."
"အင်း...သြော် ကုတင်ပေါ်မှာ အင်္ကျီထုတ်ပေးထားတယ်" ဆိုပြီး ဝသန် ရေချိုးခန်းထဲဝင်သွားသည်.. မိုးစက်လည်း ဝသန်ထုတ်ပေးထားတဲ့ အင်္ကျီယူဝတ်လိုက်ပြီး.. Night Cream လေးနည်းနည်းပွတ်ကာ..ဝဏ္ဏဆီဖုန်းပြန်ဆက်လိုက်သည်...
