Chapter 36 {U/Z}

174 16 0
                                    

မိုးစက်တို့​ကျောင်းက ၃လပိုင်းလလယ်​လောက်ထဲကစတက်ရတာမို့ ခုသင်္ကြန်ပိတ်ရက်​တောင်​ရောက်လာ​တော့မည်...

"ပိုင် ပိတ်ရက် အိမ်ပြန်မှာမလား"

"မ​သေချာ​သေးဘူး ၅ ရက်ပဲပိတ်တာဆို​တော့​ ​ငါမပြန်ရင်​ကောင်းမလားလို့"

"​သြော်..ဒီလိုလုပ်ပါလား ငါတို့အိမ်လိုက်​နေပါလား မင်း​မေ​မေကို​ပြောကြည့်​လေ အိမ်မှာက ငါရယ် ကြီးမြရယ် နှစ်​ယောက်ထဲရှိမှာ..."

"မင်း​ပြောတဲ့ အစီအစဥ်​ကောင်းတယ် ငါလည်းတစ်​ယောက်ထဲမ​နေရ​တော့ဘူး​ပေါ့ ငါည​နေ​မေ​မေဖုန်းဆက်ရင်ခွင့်​တောင်းလိုက်မယ်.."

"အင်း 😊"

"ဒါနဲ့ ဝသန် မင်းသင်္ကြန်ဆို​လျှောက်လည်လား"

"မလည်ဖြစ်ဘူး တစ်ခါမှ ​မေ​မေတို့ကလည်း ပြန်မလာဖြစ်ဘူး​လေ"

"ငါ​ရောပဲ တစ်ခါမှမလည်ဖူးဘူး ငါ့အိမ်က စိတ်မချလို့ သူတို့ကြ​တော့လိုက်မပို့ပဲနဲ့...ဘာပဲဖြစ်ဖြစ်ကွာ ငါတို့နှစ်​ယောက်အ​ဖော်ရှိတယ်ဆို​တော့ ဒီနှစ်သင်္ကြန်​တော့လည်ကြမလား 😉"

"အင်း..မင်းလည်ချင်ရင်​​ပေါ့..."

"​ရေး...​​နောက်ဆုံး​တော့ငါသင်္ကြန်​လျှောက်လည်ရ​တော့မယ်....ငါသင်္ကြန်​လျှောက်လည်....."

"​ဟျောင့်မိုးစက် ဘာ​တွေ​အော်​နေတာလဲ"

"မင်းတို့ကဘယ်တုန်းက ဝင်လာကြတာလဲ"

"ခု​လေးတင်ပဲ"

"​သြော်..ငါသင်္ကြန်​လျှောက်လည်ရ​တော့မှာမို့​ပျော်လို့ ​​အော်​နေတာ​လေ😁"

"မင်းက ​တောင်ကြီးမှာလည်မလို့လား"

"မဟုတ်ဘူး ငါဒီ​ကျောင်းပိတ်ရက် ဝသန်တို့အိမ်လိုက်​နေမလို့ ဝသန်နဲ့ တူတူ လည်မယ်​လေ ဒါနဲ့ မင်းတို့လည်း ဘာ Plan မှငါတို့နဲ့join ပါလား.."

"အင်း မင်း​ပြောတာမဆိုးဘူး အို​ခေ ငါjoinမယ်.."

"ခွန်းသ မင်း​ရော..."

"​သြော် မင်းတို့ ၃​ယောက်လုံးလည်မယ်ဆိုမှ​တော့ ငါမပါလို့ ရမလားကွ..."

"​ဟား..ဟား...အို​ခေ ​ပျော်တယ်ကွာ သူငယ်ချင်း​တွေနဲ့​လျှောက်လည်ရ​တော့မယ်.."

"ဂျပု ခုန်မ​နေနဲ့ မင်းအဖိုးအုပ်ကြီးလာဆဲလိမ့်မယ်...သင်္ကြန်လည်တာများအထူးအဆန်းလုပ်လို့.."

"ဘာ...​သော်ခ ​ငါ့ကို ဂျပုလို့ မ​ခေါ်စမ်းနဲ့ နွားရဲ့ ငါဘာသာ အထူးအဆန်းလုပ်တာ မင်းနဲ့ဘာဆိုင်လဲ ​စောင့်ကန်လိုက်လို့"

"လာ..​လေ..လာစမ်းပါ..😂😂"

"က​တောက်....🤨"

"​တော်ပါ​​တော့ကွာ မင်းတို့နှစ်​ကောင်က​လေ တစ်စက္ကန့်​တောင် တည့်​အောင်မ​နေ​နိုင်ကြဘူး "

"မင်းလင် အရင်စတာ​လေ"

"ဟို​ကောင် မင်းကိုအဲ့လိုမစနဲ့လို့​ပြောထားတယ်​​နော်..."

My Youth is Yours {U/Z}Where stories live. Discover now