Chapter 16 {U/Z}

272 21 0
                                        

ဘာလိုလိုနဲ့ သူတို့​တွေ ​၈တန်း ​နောက်ဆုံးစာ​မေးပွဲကြီး​တောင်​ဖြေရ​တော့မည်... သူတို့​လေး​ယောက်လည်း တစ်​ယောက်အ​ကြောင်းတစ်​ယောက်သိပြီး ​ပြောမနာဆိုမနာ​တွေ​တောင်ဖြစ်​နေကြပြီ ... ဝဏ္ဏနဲ့က​တော့ မိုးစက်နဲ့ပဲပိုပြီးစကား​ပြောဖြစ်သည်...ဝသန်နဲ့ ဝဏ္ဏက​တော့ သိပ်ပြီးမတည့်ချင်..ဘာလို့လဲသူလဲမသိ...​သြော် ပြီး​တော့ ခွန်းသနဲ့ ​သောခတို့အ​ကြောင်းလဲမိုးစက်တို့အကုန်သိပြီး​နေပြီ..မိုးစက်တို့က​တော့ ခွန်းသကိုနားလည်​ပေးနိုင်ပါတယ် ​သောခလည်း အရင်က​လောက်ခွန်းသအ​ပေါ်မ​အေးစက်​တော့.. ဝသန်က​တော့ တစ်ခြားသူ​တွေကိုဆို ပြုံးပြဖို့​နေ​​နေ​သာသာ စကား​တောင်ပြန်မ​ပြောဘူး သူတို့နဲ့ဆိုရင်တော့ ရယ်ရယ်ပြုံးပြုံး​နဲ့စကား​တွေလည်း​ပြောတယ် စာ​တွေလည်းရှင်းပြတယ်... ဒီတစ်နှစ်လုံးက ​​ပျော်ဖို့​ကောင်းသည်... တစ်ခုပဲ ၉တန်း​ရောက်ရင် Bio နဲ့ Eco နဲ့ ​ရွေးရဦးမည်...မိုးစက်အခုထိကိုယ့်ကိုယ်ကို ဘာယူရမလဲမသိ​သေး...

"​​ဟျောင့်တွေ...စာ​မေးပွဲ​​ဖြေဖို့ တစ်ပတ်ပဲလို​တော့တယ်​နော်"

"အင်း​လေ...မင်းစာ​တွေရပြီလား"

"မရ​​သေးဘူးကွာ...စိတ်ညစ်တယ်"

"ဘယ်ရမလဲ...​သေချာမှလိုက်မလုပ်တာ...အမြဲငိုက်​နေပြီး​တော့.."

"​သော်ခ....ညဘက်ကြီးငါရန်မဖြစ်ချင်ဘူး​နော် လဒ"

"Blah Blah😝😝"

"​ငါထလုပ်လိုက်ရ 😠"

"​တော်ကြပါ​တော့ကွာ...ပိုင်စာမရ​သေးရင်လည်း ​သေချာလုပ်ထားဦး မရရင်လည်း ငါကိုလာ​​မေး​​​နော်..."

"အင်းပါ..."

"က​တောက် သူ့အ​ကောင်ကြ​တော့ အသံကတစ်မျိုး😏" ဆိုပြီး​သော်ခတိုးတိုး​လေး​ပြောလိုက်​တော့

"ဟို​ကောင်ငါကြားတယ်​နော် ဟင်းဟင်း...🤨"

"🙄🙄"

"​တော်ပါ​တော့ ​သော်ခရယ် မိုးစက်ကိုစမ​နေနဲ့​တော့ အိပ်​တော့"

"ငါဘာသာ အိပ်ချင်အိပ်မယ် မအိပ်ချင်မအိပ်ဖူးကွာ"

"🤦‍♂️🤦‍♂️​အေးပါကွာ ငါအိပ်ပြီး အကုန်လုံး Good Night ​နော်"

"ခန​လေး ငါမင်းတို့ကို​မေးစရာရှိ​သေးတယ်"

"အင်း ဘာ​မေးမလို့လဲမိုးစက်"

"ဟို မင်းတို့ ​နောက်နှစ်ဆို Bio နဲ့ Eco ​ရွေးရ​တော့မယ်​​လေ...မင်းတို့ဘာယူမှာလဲ"

"ငါက​တော့ ​ရွေးစရာ​တောင်မလို့ Bio ပဲ​ပေါ့ကွ" လို့ ​သော်ခ ထ​ဖြေ​​တော့

"ငါ​ရောပဲ"ဆိုပြီး ခွန်းသကပါ ​ထ​ပြောသည်..

"​သြော် ​အေးပါ ... ဝသန်မင်းက​ရော"

"အင်းငါလည်း Bio ပဲ​ပေါ့ ငါစိတ်ဝင်စားတယ်​လေ"

"​သြော်......"

My Youth is Yours {U/Z}Where stories live. Discover now